Hell of a Summer
Horror ကားကိုမှ ဟာသ နှောထားတဲ့ ဇာတ်ကားကောင်း လာပါပြီ။ အပျော်စခန်း ပိုင်ရှင်တွေဖြစ်တဲ့ ဂျွန်နဲ့ ကက်သီက တစ်ညမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရပါတယ်။ အဲဒီကိစ္စကို မသိဘဲ တစ်နေ့ကျတော့ အပျော်စခန်းထွက်သူတွေ ရောက်လာကြပါတယ်။ အဲဒီထဲမှာ ဂျေဆင် ဆိုသူလည်း ပါဝင်ပြီး ဂျွန်နဲ့ ကက်သီ မရှိချိန် သူက စခန်းခေါင်းဆောင်အနေနဲ့ ဦးဆောင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အဖွဲ့ထဲက တစ်ယောက်ပြီး တစ်ယောက် အသတ်ခံရပါတော့တယ်။ အဲဒီကိစ္စကို ဂျေဆင်က သတိပေးပေမဲ့ အားလုံးက နောက်နေတယ်လို့ပဲ ထင်ကြပါတယ်။ နောက်တော့ သေဆုံးနေသူတွေကို မျက်မြင် တွေ့တော့မှ လန့်ဖျပ်ပြီး ထွက်ပြေးဖို့ လုပ်ပေမဲ့ ကားက စက်နှိုးလို့ မရခဲ့ပါဘူး။ ဒါ့အပြင် ဖုန်းတွေလည်း မရှိတော့တာမို့ အကူအညီ တောင်းမရ ဖြစ်နေခဲ့ပါတယ်။ သူတို့လည်း မတတ်နိုင်တဲ့အဆုံး အခန်းထဲ ပိတ်နေခဲ့ပါတယ်။ ဒါပေမဲ့ ဂျေဆင်ကို လူသတ်သမားလို့ သံသယ ဝင်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်ကြမလဲ။ တရားခံကို ဖမ်းမိမှာလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားလိုက်ကြပါဦး။ ဒီဇာတ်ကားအတွက် အညွန်းရေးသားသူနှင့် ဘာသာပြန်မှာ Poe Yin Thar ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း