Warfare
Warfare ရုပ်ရှင်ဟာ 2006 ခုနှစ် အီရတ်စစ်ပွဲအတွင်းက အမေရိကန် Navy Seal တပ်ဖွဲ့ရဲ့ စစ်ရေးအမှတ်တရ ဖြစ်ရပ်မှန် အတွေ့အကြုံတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ 2006 ခုနှစ်၊ အီရတ်နိုင်ငံ Ramadi မြို့ထဲမှာ တိုက်ခိုက်ခံရပြီး အိမ်တစ်အိမ်ထဲမှာ ဒဏ်ရာရသူတွေနဲ့ပိတ်မိနေတဲ့ Navy Seal တပ်ဖွဲ့က အဖွဲ့သားတွေ ကယ်ထုတ်ဖို့နဲ့ ဘေးလွတ်ရာရွှေ့ဖို့ ဆက်သွယ်ကြိုးပမ်းရတာတွေကို တပ်ဖွဲ့ဝင်တွေရဲ့ မှတ်ဉာဏ်တွေအပေါ် အခြေခံ ရိုက်ကူးထားပါတယ်။ လက်ရှိတပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေရှိတာကြောင့် Identity လျှို့ဝှက်ပေးဖို့ အဓိကဇာတ်ကောင် Ray နဲ့ Elliot တို့ကလွဲပြီး ရုပ်ရှင်ထဲက အဖွဲ့သားတွေရဲ့နာမည်တွေကို ပြောင်းပေးထားပါတယ်။ Rotten Tomatoes 92% နဲ့ IMDB Rating 7.8/10 ရထားပြီး စစ်သားတွေရဲ့ လက်တွေ့ဖြစ်ရပ်တွေကို ပေါ်လွင်အောင် ပုံဖော်ထားလို့ ဝေဖန်သူတွေ ချီးကျူးနေတဲ့ လက်ရာကောင်းလို့ ညွှန်းချင်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း