ဇာတ်ကားများ ရွေးရန်

Whiteout

2023ဇာတ်ကားBlu-ray 1080p

ရုပ်ရှင်ရဲ့ အဖွင့်ကိုတော့ မော်စကိုအခြေစိုက် နိုင်ငံတကာကော်ပိုရေးရှင်းရုံးတစ်ခုကို လက်နက်ကိုင်လူတစ်စုက ဝင်စီးတာနဲ့ စထားတယ်။ ဝန်ထမ်းတွေအားလုံးကို ဗန်ကားတွေပေါ်ပစ်တင်ပြီး ဓားစာခံအဖြစ် ခေါ်သွားပြီး၊ ရုရှားနိုင်ငံရဲ့ တောအုပ်ကြီးတစ်ခုအလယ် အလုပ်ကြမ်းစခန်းဆီကို ပို့ဆောင်ခံလိုက်ရတော့တယ်။ ကုမ္ပဏီတွေကပိုက်ဆံပေးလာရင်တော့ လွှတ်ပေးမယ်၊ အဲဒီအချိန်မတိုင်ခင်အထိတော့ ကျွေးထားရတာနဲ့တန်အောင် အလုပ်ကြမ်းလုပ်စေ ပေါ့။ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ဟင်နရီဆိုတဲ့လူတစ်ယောက်က လျှပ်စစ်အင်ဂျင်နီယာဖြစ်လို့ဆိုပြီး တစ်ရက် လူဆိုးခေါင်းဆောင်က သူ့ကိုရေဒီယိုတစ်လုံးခေါ်ပြင်ခိုင်းတော့တယ်။ အဲဒီမှာ ကာ့ထ်နဲ့ အန်သိုနီဆိုတဲ့ အကျဉ်းသား ၂ ယောက်က ထွက်ပြေးကြဖို့ ကြံစည်နေကြတော့ ဟင်နရီကို ရေဒီယိုပြင်ရင်း ကားသော့ခိုးခဲ့၊ မင်းကိုပါ ငါတို့အပြင်ခေါ်ထုတ်ပေးမယ်ဆိုပြီး ဆွယ်တော့တယ်။ ကုမ္ပဏီတွေဘက်ကလည်း ပိုက်ဆံပေးမယ့်ပုံမပေါ်၊ သူတို့ခမျာ ရုရှားတောအုပ်ထဲမှာပဲ သေရတော့မယ့်ကိန်းဆိုက်နေတော့ ဟင်နရီက သော့ခိုးပေးလိုက်တယ်။ ညဘက်ကြီး တခြားလူတွေလည်း လွတ်ကြ၊ သူတို့လည်းပြေးကြနဲ့ပေါ့။ တကယ်တော့သူတို့က သူတို့ရောက်နေတဲ့နေရာကိုလည်း သေချာသိတာမဟုတ်ဘူးရယ်၊ ဖင်လန်နယ်စပ်ထိ ရောက်အောင်ပြေးမယ်ဆိုပြီး စွတ်ပြေးနေကြတာ။ ဆိုက်ဘေးရီးယားစိမ့်မြေလွင်ပြင်ကို ဖြတ်ပြေးကြရမယ့် သူတို့ သုံးယောက်သား ရုရှားတွေလက်ထဲကရော လွတ်ပါ့မလား... အချင်းချင်းဘယ်လိုတွေ သစ္စာဖောက်ကြမလဲ... ရာသီဥတုပြင်းထန်မှု၊ နယ်မြေကြမ်းတမ်းမှုတွေကို ဘယ်သူတွေက ခံနိုင်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး။ Thriller/Action ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ရုပ်ရှင်အညွှန်းနှင့် ဘာသာပြန်ကတော့ LYKZ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း