ဇာတ်ကားများ ရွေးရန်

The Uninvited

2024ဇာတ်ကားWeb-dl 1080p

သူစိမ်းတစ်​ယောက်က ကိုယ့်အိမ်ထဲ ဝင်ဖို့လုပ်တဲ့အခါ သင်ဆိုရင်​ကော လက်ခံမှာလား။ ဒီဇာတ်ကားထဲမှာ​တော့ ရို့စ်နဲ့ ဆမ်မီရဲ့ အိမ်မှာ ပါတီပွဲ ကျင်းပတဲ့​တစ်နေ့ မဖိတ်ဘဲ ​ရောက်လာတဲ့သူတစ်​ယောက် ရှိပါတယ်။ သူက​တော့ ဟယ်လန် အမည်ရတဲ့ အဘွားအိုတစ်​ယောက်ပါ။ ကား​မောင်းပြီး ရို့စ်တို့ အိမ်​ရှေ့​ရောက်လာလို့ ရို့စ် ထွက်​တွေ့တဲ့အခါ သူ့အိမ်သူ ပြန်​ရောက်လို့ ဝင်ဖို့လုပ်​နေတာလို့ ပြောပါတယ်။ ​အိမ်မှား​နေကြောင်း ရို့စ်က ရှင်းပြ​ပေမဲ့ နားမဝင်ခဲ့ပါဘူး။ နောက်​တော့ ဘယ်လိုမှ ရှင်းပြမရဘဲ မှတ်ဉာဏ်ချို့ယွင်း​နေတဲ့ ဟယ်လန်ကို ရို့စ်က သနားပြီး အိမ်ထဲ ဝင်ခွင့်ပြုခဲ့ပါတယ်။ ဆမ်မီက ဒီကိစ္စကို သိသွားတဲ့အခါ သူစိမ်းကို အိမ်ထဲသွင်းလို့ ရို့စ်နဲ့ စကားများပါ​တော့တယ်။ ရို့စ်လည်း ဟယ်လန်ကို အိမ်ပြန်ပို့​ပေးဖို့ သူ​ရှာ​တွေ့တဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ရင်း သူငယ်ချင်းဖြစ်သူ ဘာဘရာက လာ​ခေါ်​ပေးမယ်​ပြောလို့ ဆက်လက် လက်ခံထားခဲ့ပါတယ်။ ​ဒီလို လက်ခံထားမိတာ နောက်ပိုင်းမှာ ပြဿနာ​တွေ တက်လာနိုင်မလား။ ဟယ်လန်​ကို ပြန်လာ​ခေါ်တဲ့လူ ရှိပါ့မလားဆိုတာကို​တော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပြီး အ​ဖြေရှာလိုက်ရ​အောင်။ အညွှန်း​ရေးသားသူနဲ့ ဘာသာပြန်မှာ Poe Yin Thar ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း