Else
ဇာတ်ကားက ထူးဆန်းတဲ့ ကပ်ရောဂါတစ်ခုကြောင့် လူတွေရဲ့အရေပြားတွေ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲလာပြီး ပတ်ဝန်းကျင်နဲ့ ပေါင်းစပ်သွားတဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဒီရောဂါကူးစက်ခံရတဲ့သူတွေဟာ သေဆုံးသွားတာမဟုတ်ဘဲ၊ ပုံစံပြောင်းလဲပြီး သတ္တဝါတွေအဖြစ် ပြန်လည်မွေးဖွားလာကြပါတယ်။ ဇာတ်လမ်းအစမှာ ဟန်စ်နဲ့ ကက်ဆန်ဒရာတို့ဟာ လိင်ပိုင်းဆိုင်ရာစစ်တမ်းတစ်ခုကနေစပြီး ဆက်သွယ်မိကြပါတယ်။ ကက်ဆန်ဒရာဟာ မသန်စွမ်းကလေးတွေကို စောင့်ရှောက်သူဖြစ်ပြီး ဟန်စ်ကတော့ မသန်စွမ်းသူတစ်ယောက်ပါ။ ကပ်ရောဂါစဖြစ်လာတော့ အစိုးရကအပြင်မထွက်ရအမိန့်ထုတ်ပြီး စစ်တပ်က လုံခြုံရေးယူပါတယ်။ လူတွေဟာ အိမ်ထဲမှာပဲ ပိတ်မိနေပြီး တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ပြတ်တောက်လာပါတယ်။ ဟန်စ်နဲ့ ကက်ဆန်ဒရာတို့ဟာ သူတို့ရဲ့တိုက်ခန်းထဲမှာ အတူနေရင်း ဒီထူးဆန်းတဲ့ကပ်ရောဂါကို ရင်ဆိုင်ကြရပါတယ်။ သူတို့ပတ်ဝန်းကျင်က လူတွေလည်း ကူးစက်ခံရပြီး ပုံစံပြောင်းလဲလာကြပါတယ်။ ဒီရောဂါက မျက်လုံးချင်းဆုံတာနဲ့ ကူးစက်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ အသက်ရှင်ဖို့အတွက် နည်းလမ်းမျိုးစုံရှာဖွေရင်း တစ်ယောက်ကိုတစ်ယောက် အားပေးကြပါတယ်။ ဇာတ်လမ်းရဲ့အဓိကအချက်ကတော့ လူသားတွေရဲ့ ကြောက်ရွံ့မှု၊ အထီးကျန်မှု၊ ပြီးတော့ အသက်ရှင်ရပ်တည်ဖို့အတွက် ဘယ်လိုပြောင်းလဲနိုင်လဲဆိုတာကို ပြသထားပါတယ်။အဆုတ်ငါးပုံပြင်ကို ပြောပြခြင်းအားဖြင့် အသက်ရှင်ဖို့အတွက် ဘယ်လိုစွန့်စားရဲရမယ်ဆိုတာကိုပုံဆောင်ထားပါတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ ဒီအဆောက်အအုံကြီးကနေ ထွက်ပြေးဖို့ ကြိုးစားကြပြီး လုံခြုံတဲ့နေရာကို ရှာဖွေခဲ့ကြပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Yin Yin Mon က တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း