ဇာတ်ကားများ ရွေးရန်

Eden

2024ဇာတ်ကားBlu-ray 1080p

ပုရိသတွေအသည်းစွဲ မင်းသမီးလေး Sydney Sweeney ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးလာပါပြီ။ လူသဘော လူ့မနော လူတွေရဲ့ ဗီဇစရိုက်တွေကို မကွယ်မဝှက်ဘဲမြင်ရမယ့် ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဇာတ်ကားလေးတစ်ခုပါ။ ဇာတ်လမ်းအစမှာ တတိယကမ္ဘာစစ်ကြီးအပြီး အဖက်ဖက်မှာ ဆုတ်ယုတ်လာတဲ့ လူသားတွေနဲ့ လောကကြီးကို စိတ်ကုန်လာတဲ့ ဒေါက်တာ ဖရစ်ဒရစ် ရီတာနဲ့ ပါတနာ ဒိုရာတို့ဟာ လူသူမရှိတဲ့ နေရာတစ်ခုမှာ သီသန့်အခြေချဖို့ ဖလော်ရီရန်နာ ကျွန်းကိုရောက်လာရာကစပါတယ်။ ကျွန်းပေါ်မှာ သီးသန့်နေထိုင်ရင်း သူ့ရဲ့ဝါဒနဲ့ ပတ်သက်ပြီး လူထုကိုအသိပညာပေးဖို့ဆိုပြီး ဒေါက်တာရီတာက စာအုပ်တစ်အုပ်ရေးသားပါတယ်။ ရေးသားပြီး စာတိုက်ကနေ ကမ္ဘာပေါ်က စာနယ်ဇင်းတိုက်တွေစီ ပို့ရာမှ ဒေါက်တာရီတာရဲ့ အယူအဆတွေ နေပုံထိုင်ပုံတွေဟာ လူတွေရဲ့ စိတ်ဝင်စားမှုကိုခံလာရပါတယ်။ ဒါကို ဒေါက်တာရီတာက မသိပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ ရီတာရဲ့ အတွေးအခေါ်တွေကို အရမ်းလေးစားတဲ့ ဝစ်မန်းတို့မိသားစုဟာ ရီတာတို့ရဲ့ ကျွန်းပေါ်ကို အခြေချဖို့လိုက်လာပါတယ်။ သီးသန့်နေချင်လို့ ကျွန်းပေါ်ပြောင်းနေပါတယ်ဆိုမှ သူ့နောက်လိုက်လာတဲ့လူတွေရှိတာကို ရီတာက မကြိုက်ပါဘူး ဒါကြောင့် ‌ရောက်လာတဲ့ ဝစ်မန်းတို့ကို ပညာပြပါတော့တယ်။ ဒီအချိန်မှာ ‌ကျွန်းမှာ အပန်းဖြေစခန်းဆောက်မယ်ဆိုပြီး မြို့ဝန်ကတော် တစ်ယောက်က ရောက်ချလာပြန်ပါတယ်။ သူတို့သုံးဦးရဲ့ ပြိုင်ဆိုင်မှုတွေ၊ သစ္စာဖောက်မှူတွေ လူတွေရဲ့ ကောက်ကျစ်မှုတွေ ဖုံးကွယ်မထားတဲ့ လူ့သဘော စရိုက်တွေကို မြင်တွေ့ရမယ့်ကားလေးပါ။ မင်းသမီးချောတွေရဲ့ သရုပ်‌ ဆောင်မှုကိုကြည့်ရတာနဲ့တင် တန်ျနပြီဆိုတဲ့ ကားမျိုးလို့ပြောကြတယ်ဆိုတော့ ဟုတ်မဟုတ်ကို ကိုယ်တိုင်ကြည့်ပြီးသာ ဆုံးဖြတ်ကြည့်ကြပါတော့ခင်ဗျာ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Theo ဖြစ်ပါသည်။

ဇာတ်လမ်းအကြောင်း