ဇာတ်ကားများ ရွေးရန်

DNA

2025ဇာတ်ကားWeb-dl 1080p

ဒီဗယာက ပင်ကိုယ်စရိုက်ကမောက်ကမဖြစ်တဲ့ရောဂါကိုခံစားနေရတာ။ အိမ်က ယောက်ျားခဏခဏပေးစားပေမဲ့ သူ့ရဲ့ဟန်မဆောင်နိုင်တဲ့ရောဂါကြောင့် အမြဲတမ်းမျက်နှာပျက်ရတော့ အိမ်ကလည်းစိတ်ညစ်လာတယ်။ အာနန်ကအရင်ကောင်မလေးကြောင့် စိတ်ထိခိုက်ခံစားရပြီး အနာဂတ်ပျောက်နေသူပေါ့။ အိမ်ကမိသားစုကပညာတတ်အသိုင်းဝိုင်းဆိုတော့ အာနန်ရဲ့အဖေကလည်း အမြဲတမ်းမူးရူးနေတဲ့အာနန့်ကိုစိတ်ပျက်လာတယ်။ အဲဒါနဲ့အကျင့်ဆိုးတွေပျောက်သွားအောင် ထုံးစံအတိုင်း မိန်းမပေးစားလိုက်ပါတယ်။ တစ်ဘက်မှာ ကားမောင်းရင်းအိပ်ငိုက်မိလို့ တစ်ဘဝလုံးထိန်းသိမ်းလာတဲ့သိက္ခာတွေ ကျသွားခဲ့ရတဲ့ဗာရာဒါက အက်ဆီးဒင့်ဖြစ်ပြီးနောက်ပိုင်း အချိန်ခဏလောက်စကားမပြောနိုင်ဖြစ်ခဲ့ပါတယ်။ အာနန်နဲ့ဒီဗယာတို့အိမ်ထောင်ကျပြီးတော့ ကလေးတစ်ယောက်မွေးတယ်။ ကလေးလေး ဒီဗယာ့လက်ထဲကိုရောက်တဲ့အချိန်မှာ ဒီဗယာကသူ့ကလေးမဟုတ်ဘူးလို့ထအော်တော့တယ်။ ဒါပေမဲ့ဒီဗယာ့ကိုစိတ်မနှံ့ဘူးလို့ သတ်မှတ်ထားကြလို့ သူပြောတာကိုဘယ်သူမှမယုံကြဘူးပေါ့။ ဒါပေမဲ့ဒီဗယာ့ကိုယုံကြည်မှုပေးလိုက်တဲ့အာနန်က ကလေးကိုရှာဖို့အသည်းအသန်ကြိုးစားရင်။ ကလေးမွေးစားတဲ့လုပ်ငန်းတစ်ခုအကြောင်း သိလိုက်ရတဲ့အချိန်မှာ အာနန်တို့ကလေးပြန်တွေ့ပါ့မလား၊ ကလေးမွေးစားတဲ့လုပ်ငန်းက ဘယ်လိုမျိုးလဲဆိုတာ ဇာတ်ကွက်ကောင်းကောင်းနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ ဘာသာပြန်ပေးတာကတော့ Bex ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း