ဇာတ်ကားများ ရွေးရန်

Anemone

2025ဇာတ်ကားWeb-dl 1080p

အင်္ဂလန်မြောက်ပိုင်းက လူသူမနီးတဲ့ တောထဲမှာ တစ်ယောက်တည်း တသီးတခြားနေထိုင်တဲ့ အစ်ကိုဖြစ်သူ ရေးနဲ့ ခပ်တန်းတန်းဖြစ်နေတဲ့ သူ့ရဲ့ညီ ဂျမ်တို့ ပြန်ဆုံပြီး ရေးရဲ့ဘဝအပြောင်းအလဲကို ဖြစ်စေခဲ့တဲ့ အတိတ်က ဖြစ်ရပ်တွေကို ပြန်ပြောတဲ့အကြောင်း ရိုက်ကူးထားတဲ့ heavy drama ဖြစ်ပါတယ်။ တကယ်တော့ ရေးက အတိတ်ဘဝမှာ ဂုဏ်ယူစရာ စစ်သားတစ်ယောက်ဖြစ်ပြီး ဇနီးနဲ့သားတစ်ယောက်ရှိပါတယ်။ ခုချိန်မှာ အားလုံးကို ထားခဲ့ပြီး သူတစ်ယောက်တည်း သီးခြားနေနေတဲ့ အကြောင်းရင်းကို ပြန်ပြောင်းပြောပြမှာဖြစ်ပါတယ်။ ရေးရဲ့ဘဝအလှည့်အပြောင်းက မစ်ရှင်တစ်ခု ဆောင်ရွက်နေစဉ်မှာ ဖြစ်ခဲ့ပါတယ်။ ဗုံးလုပ်တဲ့လျှို့ဝှက်နေရာကို ဝင်စီးရင်း ပေါက်ကွဲမှုကြောင့် သေအံ့မူးမူးဖြစ်နေတဲ့ ရန်သူလူငယ်လေးကို ဝေဒနာမခံစားရတော့အောင် ဇီဝိန်ချွေပေးလိုက်မိတဲ့ ရေးက လက်နက်မဲ့ပြည်သူကို ပစ်သတ်တယ်ဆိုပြီး စစ်ရာဇဝတ်မှုအဖြစ် ပုဒ်မတပ်ခံရပါတယ်။ ဒီအဖြစ်ရဲ့နောက်ဆက်တွဲအကျိုးဆက်က ဆိုးဝါးလွန်းလို့ ရေးက စိတ်ကျန်းမာရေးဆေးရုံပါရောက်ပြီး နောက်ဆုံး တောထဲ ထွက်သွားခဲ့တာပါ။ လက်ရှိမှာ ရေးရဲ့သားကလည်း သူ့နည်းတူ စစ်သားဖြစ်လာပြီး အဖေရဲ့အရိပ်မည်းကြောင့် အကူအညီလိုနေချိန်မှာ ဂျမ်က အစ်ကိုဖြစ်သူကို ဖြောင်းဖြပြီး လာခေါ်တာပါ။ စစ်သားဘဝကို ဂုဏ်ယူခဲ့တဲ့ရေးရဲ့ အတိတ်ဒဏ်ရာကို ကုစားပြီး မိသားစုဆီ ပြန်လာနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း