Kaantha
ရုပ်ရှင်လောကရဲ့ နောက်ကွယ်က မာနတရားတွေနဲ့ အနုပညာကို ခုတုံးလုပ်ပြီး ကစားကြတဲ့ ကစားပွဲတစ်ခုအကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာပါ။ ဝါရင့်ဒါရိုက်တာတစ်ယောက်နဲ့ ထိပ်တန်းမင်းသားတစ်လက်တို့ရဲ့ အားပြိုင်မှုကြားမှာ မြေစာပင်ဖြစ်သွားရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဘဝ၊ ရုပ်ရှင်ရိုက်ကွင်းပေါ်က ဟန်ဆောင်မှုတွေနဲ့ လက်တွေ့ဘဝက အမှန်တရားတွေ ရောထွေးသွားတဲ့အခါမှာတော့ ကြက်သီးထစရာ အဖြစ်အပျက်တွေ စတင်လာပါတော့တယ်။ ဇာတ်ကားရဲ့ အထွတ်အထိပ် ရိုက်ကွင်းမှာ အတုလုပ်ထားတဲ့ သေနတ်တစ်လက်က ကျည်အစစ်တွေနဲ့ အစားထိုးခံလိုက်ရပြီး လူသတ်မှုတစ်ခု ဖြစ်ပေါ်လာတဲ့အခါမှာတော့ ပရိသတ်ကို ရင်တမမ ဖြစ်စေမှာ အသေအချာပါပဲ။ အချစ်စစ်၊ သစ္စာဖောက်မှုနဲ့ လက်စားချေခြင်းတွေ ပေါင်းစပ်ထားတဲ့ ဒီဇာတ်ကားဟာ အနုပညာအတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးကြီးလွန်းတဲ့ အရာတစ်ခုအကြောင်းကို မီးမောင်းထိုးပြထားပြီး ဇာတ်သိမ်းပိုင်းအထိ မျက်တောင်မခတ်တမ်း ကြည့်ရှုရမဲ့ သည်းထိတ်ရင်ဖို ဒရာမာဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း