ဇာတ်ကားများ ရွေးရန်

The Butcher, The Chef and the Swordsman

2010ဇာတ်ကားBlu-ray 1080p

ဒီတစ်ခါမှာတော့ ဝူရှသိုင်းကားဖြစ်ပေမယ့် တမူထူးခြားတဲ့ ဓားမတစ်ချောင်းကိုဗဟိုပြုပြီး ဟာသအနေနဲ့ ရိုက်ကူးထားတဲ့ သိုင်းဟာသကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်း သားသတ်သမားရယ် စားဖိုမှူးရယ် ဓားသမားရယ်က ဒဏ္ဍာရီလာ ဓါးတစ်ချောင်းကို လက်ဆင့်ကမ်းပိုင်ဆိုင်လာကြပါတယ်။ သူတို့သုံးဦးရဲ့ ဘဝဇာတ်လမ်းကို ချိတ်ဆက်ရိုက်ကူးထားတဲ့ ဆန်းသစ်တဲ့ ဘဝသရုပ်ဖော် ဇာတ်ကားလေး ဖြစ်ပါတယ်။ သားသတ်သမားကတော့ ... မိန်းမလှလေးတစ်ဦးကို မြှူဆွယ်ချစ်ခွင့်ပန်ဖို့ အိပ်မက်မက်နေတဲ့ သာမန် ဝက်သတ်သမားတစ်ယောက်ဖြစ်ပါတယ်။ စားဖိုမှူးကတော့ သူ့မိသားစု သတ်ခဲ့တဲ့သူကို လက်စားချေဖို့ ကြိုးပမ်းနေပြီး အဲဒီလူအတွက် ညစာ ချက်ကျွေးပြီး သတ်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ ဓားသမားကတော့ ဖခင်ရဲ့ ကျော်ကြားမှုထက် ပိုပြီး အောင်မြင်ကျော်ကြားတဲ့ ဓားသမားဖြစ်ချင်လို့ ဖခင်ရဲ့ ဂူသင်္ချိုင်းကို ဖောက်ထွင်းပြီး မြှုပ်ထားတဲ့ ဓားကို ပြန်တူးယူသူ.... ဒီဓားမတစ်ချောင်းကပဲ သူတို့ရဲ့ စိတ်ဝင်စားစရာ ကိုယ်ပိုင်ဇာတ်လမ်းလေးတွေကို ဖြစ်ပေါ်လာတဲ့ အခါမှာတော့.... ကဲ...''သားသတ်သမား စားဖိုမှူးနဲ့ ဓားသမား''ဆိုတဲ့ ဇာတ်လမ်းလေးက ဘယ်လိုမျိုး ရယ်မောပျော်ရွှင်ရပြီး စိတ်ဝင်စားဖို့ကောင်းမလဲဆိုတာ ဇာတ်ကားလေးထဲမှာပဲ အားပါးတရ ဆက်လက် ကြည့်ရှုလိုက်ပါနော်.... သိုင်းကားချစ်သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်ရပြီး လုံးဝ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း