ဇာတ်ကားများ ရွေးရန်

Swallow

2019ဇာတ်ကားBlu-ray 1080p

Hunter Conrad ဆိုတဲ့ မိန်းမငယ်တစ်ယောက်ဟာ ချမ်းသာတဲ့ မိသားစုဝင်သားနဲ့ လက်ထပ်ပြီး နယူးယောက်မြို့ အနီးက အဆင့်မြင့်အိမ်ကြီးတစ်လုံးမှာ နေထိုင်နေပါတယ်။ အပြင်ဘက်ကကြည့်ရင် သူမဘဝက ပြည့်စုံပြီး ကံကောင်းသူတစ်ယောက်လို မြင်ရပေမယ့် အတွင်းစိတ်မှာတော့ အလွန်အမင်း တိတ်ဆိတ်ပြီး ဖိအားများနေပါတယ်။ သူမရဲ့ ခင်ပွန်း Richie နဲ့ မိသားစုဝင်တွေက Hunter ကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရှိတဲ့ လူတစ်ယောက်လို ဆက်ဆံကြပြီး အစားအသောက်၊ အိမ်အလုပ်၊ ကိုယ်ဝန်အခြေအနေအထိ အားလုံးကို ထိန်းချုပ်ထားကြပါတယ်။ Hunter က အိမ်ရှင်မ တစ်ယောက်အဖြစ် နေရပေမယ့် သူမရဲ့ ဆန္ဒ၊ အတွေးအမြင်၊ အကြိုက်တွေကို ဘယ်သူမှ မစဉ်းစားပေးပါဘူး။ ကိုယ်ဝန်ရှိလာတဲ့အချိန်ကစပြီး Hunter မှာ မစားသင့်တဲ့အရာတွေကို စားချင်သွားတဲ့ စိတ်ရောဂါ (Pica disorder)ပေါ်ပေါက်လာပါတယ်။ အစပိုင်းမှာတော့ marble လုံးလေး၊ thumbtack၊ battery စတဲ့ အရာအသေးစားတွေကို တိတ်တိတ်လေး စားသွားပါတယ်။ ဒီအရာတွေကို စားတဲ့အချိန်မှာ သူမဟာ ပထမဆုံးအကြိမ်လို ကိုယ်ပိုင်ထိန်းချုပ်မှုတစ်ခု ရရှိသလို ခံစားရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီအကျင့်က ပိုမို ပြင်းထန်လာပြီး ဆေးရုံတက်ရောက်ရတဲ့အထိ ဖြစ်လာပါတယ်။ ဒါပေမယ့် ဆေးရုံ၊ ဆရာဝန်၊ မိသားစုအားလုံးက Hunter ရဲ့ စိတ်အခြေအနေကို နားလည်ဖို့ မကြိုးစားဘဲ “ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ယောက်ရဲ့ ပြဿနာ” လိုပဲ မြင်ကြပါတယ်။ နောက်ပိုင်းမှာ Hunter ဟာ သူမရဲ့ အတိတ်ဘဝထဲမှာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာ (trauma) တစ်ခု ရှိခဲ့တာကို သိလာရပါတယ်။ အဲဒီအရာက သူမရဲ့ ကိုယ်ပိုင်တန်ဖိုး၊ ကိုယ်ပိုင်ခန္ဓာကိုယ်အပေါ် ခံစားချက်တွေကို ပျက်စီးစေခဲ့ပြီး ယခုလို self-harm ဆန်ဆန် အပြုအမူတွေ ဖြစ်လာစေခဲ့တာပါ။ Hunter က အမှန်တရားကို သိလာတဲ့အချိန်မှာတော့ သူမဘဝဟာ အခြားသူတွေက စီမံခန့်ခွဲထားတဲ့ ဘဝဖြစ်နေတယ် ကိုယ်ပိုင်ရွေးချယ်ခွင့်မရှိဘဲ အသက်ရှင်နေရတာဟာ သူမကို ပိုပြီး ပျက်စီးစေနေတာ ဆိုတာတွေကို သဘောပေါက်လာပါတယ်။ အဆုံးမှာတော့ Hunter ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြီးတစ်ခု ချလိုက်ပြီး ခင်ပွန်းနဲ့ မိသားစုရဲ့ ထိန်းချုပ်မှုကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီး ဘာတွေဆက်ဖြစ်သွားမလဲ…. ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ye Myat ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း