ဇာတ်ကားများ ရွေးရန်

Spyder

2017ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားမှာ ရှီဗာ ဆိုတဲ့ ကောင်လေးက အစိုးရထောက်လှန်းရေးဌာနတစ်ခုမှာ အလုပ်လုပ်ပြီး ပြည်သူတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေကို ကြားဖြတ်နားထောင်ပြီး ရာဇဝတ်မှုတွေကို သူကိုယ်တိုင် တားဆီးအပြစ်ပေးတယ်။ တစ်ညမှာ အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ မိန်းကလေးတစ်ယောက်က ကြောက်လို့ သူငယ်ချင်းဆီဖုန်းဆက်တာကို ရှီဗာက ကြားဖြတ်နားထောင်ပြီး သူငယ်ချင်းရဲမေကို အဖော်သွားလုပ်ပေးဖို့ အကူအညီတောင်းလိုက်တယ်။ နောက်နေ့မနက်မှာ ရဲမေရော ကောင်မလေးရော ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်။ အမှုကို လိုက်ကြည့်တော့ လူသတ်သမားက စိတ္တဇကွင်းဆက် လူသတ်သမား ဖြစ်နေတယ်။ ဘယ်လို စိတ္တဇပုံစံမျိုးလဲ လူတွေကို ဘယ်လိုပုံစံနဲ့ ဘယ်နှယောက်တောင် သတ်ခဲ့လဲဆိုတာရယ် အဲ့ဒီလူကို ရှီဗာတစ်ယောက် ဘယ်လိုနည်းနဲ့ ရအောင်နှိမ်နင်းမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ရှီဗာ အဖြစ် မင်းသား Mahesh Babu ၊ ဘိုင်ရပ်ဗ် အဖြစ် မင်းသား SJ Suryah နဲ့ ရှာလီနီ အဖြစ် မင်းသမီး Rakul Preet Singh တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း