Nine-Ring Golden Dagger
ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ Nine Ring Golden Dagger ဆိုတဲ့ တရုတ်သိုင်းကားလေးပဲ ဖြစ်ပါတယ်။ စုန့်မင်းဆက် အစောပိုင်းကာလ ယုံရှီးမြောက်ပိုင်း တိုက်ပွဲမှာ စစ်သူကြီးယန်ယဲ့ဟာ သူရဲကောင်းပီသစွာ အသက်ပေးလှူသွားခဲ့ပါတယ်။သူ့ရဲ့ ဆုလာဘ်တော်ဓားဖြစ်တဲ့ ကိုးကွင်းရွှေဓားတော်ဟာ လျောင်ပြည်ထဲမှာ ကျန်ရစ်ခဲ့ပါတယ်။ ဒီအတွက် ယန်အိမ်တော်ရဲ့ သမီးတွေဖြစ်တဲ့ ယန်ယန်ချီနဲ့ ယန်ယန်ယင်း တို့ဟာ ဖခင်အမွေဖြစ်တဲ့ ရွှေဓားတော်ကို ပြန်ယူဖို့ ရန်သူ့နယ်မြေဖြစ်တဲ့ သာ့လျောင်ပြည်က သာ့ထုန်မြို့ထဲကို ခိုးဝင်ပြီး ရွှေဓားတော်ကို ပြန်လည်ခိုးယူကြပါတယ်။ အပြန်ခရီးမှာတော့ ဖခင်ရဲ့စစ်သည်ဟောင်းဖြစ်တဲ့ ကျောင်းကွမ်းဖူနဲ့ တွေ့ဆုံပြီး အတူပူပေါင်းကာ ရန်သူ့နယ်မြေကနေ လွတ်မြောက်ဖို့ ကြိုးပမ်းကြပါတော့တယ်။ ဒီယန်အိမ်တော်ရဲ့ သမီးနှစ်ယောက်ဟာ ဖခင်ရဲ့ အမွေအနှစ်ဖြစ်တဲ့ ရွှေဓားတော်ကို ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ပြီး စုန့်ပြည်ကို ပြန်လည်ယူဆောင်သွားမှာလဲ... သိုင်းကားချစ်သူတွေအတွက် Nine Ring Golde Dagger (ကိုးကွင်းရွှေဓားတော်)ဆိုတဲ့ ဒီဇာတ်ကားလေးက လုံးဝ အကြိုက်တွေ့စေမယ့် သိုင်းဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း