Ikkis
ဒီဇာတ်ကားလေးကတော့ 1971 ခုနှစ် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲအတွင်း အသက် ၂၁ နှစ်အရွယ်မှာတင် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တဲ့ အိန္ဒိယစစ်တပ်က အငယ်ဆုံးနဲ့ အမြင့်ဆုံး စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ် ရရှိသူ ဒုတိယဗိုလ်မှူး အာရွန်ခီတာပါ ရဲ့ အတ္ထုပ္ပတ္တိကို အခြေခံထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ပါကစ္စတန်က ဗိုလ်ကြီး နစ်ဆာက အိန္ဒိယကနေ ကျောင်းသားတွေ့ဆုံပွဲအတွက် ပါကစ္စတန်ကို ပြန်လာတဲ့ အငြိမ်းစား ဗိုလ်မှူးကြီး ခီတာပါ ကိုသွားချင်တဲ့နေရာတွေ လိုက်ပို့ပေးတယ်။ ခီတာပါက ပါကစ္စတန်ရောက်တုန်း သားဖြစ်သူ အာရွန်ရဲ့ တိုက်ပွဲကျခဲ့တဲ့ နေရာလေးကို လိုက်ပို့ပေးဖို့ နစ်ဆာကို တောင်းဆိုလိုက်ချိန်မှာ နစ်ဆာတစ်ယောက် တိုက်ပွဲနေ့က အကြောင်းတွေကို အသေးစိတ်ပြန်ပြောပြပြီး အာရွန်ရဲ့ ရဲရင့်မှုတွေနဲ့အတူ ဝမ်းနည်းစရာ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာပါတယ်။ ဒီကားရဲ့ ထူးခြားချက်ကတော့ သာမန်စစ်ကားမျိုးမဟုတ်ဘဲ တင့်ကားတွေနဲ့ ဦးစားပေးတိုက်ခိုက်တဲ့ စစ်ကားပုံစံလေးမို့ စိတ်ဝင်စားဖို့ အရမ်းကောင်းပါတယ်။ ဒီဇာတ်ကားမှာ အာရွန် အဖြစ် မင်းသား Agastya Nanda ၊ နစ်ဆာ အဖြစ် မင်းသား Jaideep Ahlawat နဲ့ ကီရန် အဖြစ် မင်းသမီး Simar Bhatia တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း