ဇာတ်ကားများ ရွေးရန်

The Lingering

2018ဇာတ်ကားBlu-ray 1080p

သာ့ကျားဟောင် ဒီတစ်ခေါက်မှာတော့ M-sub Movie ပရိတ်ကြီးတို့အတွက် မိသားစုနှောင်ကြိုးနဲ့ သည်းထိတ်ရင်ဖိုဖြစ်ရပ်တွေကို ရောယှက်ရိုက်ကူးထားသော 《The Lingering 2018》 ဆိုတဲ့ ဟောင်ကောင်ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 🎬 ဇာတ်လမ်းအကျဉ်း အချိန်နှောင်းမှ နောင်တရပြီး ပြန်လည်ပြုပြင်လို့ မရနိုင်တော့တဲ့ အရာတွေရှိပါတယ် မိဘတွေရဲ့မေတ္တာက အနှိုင်းမဲ့ဖြစ်ပြီး သူတို့က ဘာကိုမှ ပြန်မမျှော်လင့်ကြပါဘူး.... ဒါပေမယ့် သားသမီးတွေဟာ အောင်မြင်မှုနဲ့ ငွေကြေးနောက်လိုက်ရင်း မိဘတွေရှိနေတုန်းမှာ ဂရုစိုက်ဖို့ ချစ်ခင်မှုပြသဖို့ကို မေ့လျော့နေတတ်ကြပါတယ် ၁၉၈၀ ပြည့်နှစ် တရုတ်နှစ်သစ်ကူးအကြိုနေ့မှာ ချန်းယီနဲ့ သာ့ဝါတို့ သားအမိဟာ အလုပ်ကနေ ပြန်လာမယ့် ဖခင်ဖြစ်သူကို စောင့်မျှော်နေခဲ့ကြပါတယ်။သို့သော် သာ့ဝါရဲ့ ဖခင်ဖြစ်သူဟာတော့ အိမ်ကို ပြန်ရောက်မလာခဲ့ပါဘူး။ထိုညမှာပဲ သာ့ဝါက မိခင်ဖြစ််သူမမြင်ရတဲ့ လူစိမ်းဦးလေးကြီးတစ်ယောက်ကို စတင်မြင်တွေ့လာရပြီး အိမ်မှာလည်း ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ထို့ကြောင့် ချန်းယီဟာ ခင်ပွန်းဖြစ်သူ အလုပ်လုပ်တဲ့ စက်ရုံကို သွားရောက်စုံစမ်းရာမှ သူမရဲ့ခင်ပွန်း အပါအဝင် အလုပ်သမားတွေဟာ မတော်တဆဖြစ်ပြီး သေဆုံးသွားကြောင်း သိလိုက်ရပါတော့တယ် ။နှစ်ပေါင်း ၃၀ကျော်ကြာမြင့်ပြီးနောက် ကြီးပြင်းလာတဲ့ သာ့ဝါဟာ ရှင်းကျုံးဆိုတဲ့ နာမည်နဲ့ စားဖိုမှူးတစ်ယောက် ဖြစ်လာပြီး မိခင် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကြောင့် ဇာတိရွာကို ပြန်လာခဲ့ရပါတော့တယ် ။သူဟာ အိမ်ဟောင်းကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ကာ အိမ်စာချုပ်ကိုရှာဖွေချိန်မှာတော့ အိမ်ထဲမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေနဲ့ ထပ်မံ ရင်ဆိုင်လိုက်ရပြီး မိခင် သိမ်းဆည်းထားခဲ့တဲ့ အမှတ်တရပစ္စည်းတွေနဲ့ နေစဉ်မှတ်တမ်းတွေကိုဖတ်ရှုကြည့်မိတဲ့အချိန်မှာတော့........ ဒီဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖို ဇာတ်လမ်းဇာတ်ကွက်တွေအပြင် မိဘတွေရဲ့ သားသမီးအပေါ်ထားတဲ့ အနှိုင်းမဲ့ချစ်ခြင်းမေတ္တာတွေကို ထိထိမိမိခံစားရစေပြီး ကြည့်ရှုသူပရိတ်သတ်တွေကို မိဘတွေ ရှိနေတုန်းမှာပဲ သူတို့ကို ချစ်ခင်မှု ဂရုစိုက်မှုတွေကို အချိန်မီ ပြသသင့်ကြောင်း သတိရ‌စေတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း