Dangerous Liaisons
ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာရင်လို့ သိကြတဲ့ ကိုရီးယားမင်းသားချော (Jang Dong-gun)နဲ့ နာမည်ကြီး တရုတ်မင်းသမီးချော ကျန်းကျိယီ(Zhang Ziyi) နဲ့ Cecilia Cheung တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Dangerous Liaisons (2012)ဆိုတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၁၈ ရာစုပြင်သစ်ဝတ္ထုကို ၁၉၃၀ ခုနှစ်တွေရဲ့ ရှန်ဟိုင်းနောက်ခံနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ Period Drama အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ၁၉၃၉ ခုနှစ် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ မဒမ်မော့ကျဲယွီ( Cecilia Cheung) ဆိုတဲ့ မိန်းမချောလေးဟာ စည်းစိမ်ဥစ္စာနဲ့ အာဏာကို ပိုင်ဆိုင်ထားသူဖြစ်ပေမယ့် အချစ်ရေးမှာတော့ ကံခေနေသူလေးပါ ချမ်းသာကြွယ်ဝပြီး အပျော်အပါးမက်တဲ့ ရှဲ့ယီဖန် (Jang Dong-gun) ဟာ တခြားအမျိုးသမီးတွေနည်းတူ မော့ကျဲယွိကိုလည်း စွဲလမ်းနေသူပါ။ ပါတီပွဲတစ်ခုအတွင်း ရှဲ့ယီဖန်က မုဆိုးမလေး သုဖန်းယွိ(Zhang Ziyi)ကို စိတ်ဝင်တစား ကြည့်နေတာကို မော့ကျဲယွိက သတိထားမိသွားပါတယ်။ အဲဒီနောက်မှာတော့ မော့ကျဲယွိဟာ ရှဲ့ယီဖန်ကို တန်ဖိုးကြီးတဲ့ အလောင်းအစားတစ်ခုနဲ့ စိန်ခေါ်လိုက်ပါတော့တယ်။ တကယ်လို့ ရှဲ့ယီဖန်က သုဖန်းယွိကို ဖြားယောင်းသွေးဆောင်နိုင်ခဲ့မယ်ဆိုရင် မော့ကျဲယွိကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ မအောင်မြင်ခဲ့ဘူး ဆိုရင်တော့ ရှဲ့ယီဖန်က သူပိုင်တဲ့ တန်ဖိုးကြီးမြေကွက်ကိုပေးရမှာပါ ဒီလိုနဲ့ပဲ အန္တရာယ်ရှိတဲ့ ဂိမ်းတစ်ခု စတင်ခဲ့ပါတော့တယ်။ ရှဲ့ယီဖန်တစ်ယောက် အိန္ဒြေကြီးမားပြီး အကျင့်စာရိတ္တကောင်းမွန်လွန်းတဲ့ မုဆိုးမသုဖန်းယွိကို ဖြားယောင်းသွေးဆောင်နိုင်မလားဆိုတာ..... "အချစ်နဲ့ ကစားရင် အချစ်ရဲ့ အဆုံးစီရင်ခြင်းကို ခံရတတ်တယ်" ဆိုတဲ့အတိုင်း ဇာတ်အိမ်ခိုင်မာပြီး မင်းသား မင်းသမီးတွေရဲ့ အပေးအယူကလည်း ကောင်းမွန်လွန်းတာကြောင့် Drama နဲ့ Romance ကြိုက်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း