Timur
ဒီဇာတ်ကားလေးကတော့ ၁၉၉၆ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ မာပန်ဒူမာကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာသုတေသနအဖွဲ့ပြန်ပေးဆွဲခံရမှုကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ တောတွင်းတစ်နေရာမှာ သုတေသနလုပ်ငန်းအတွက် နမူနာစုဆောင်းနေတဲ့ နိုင်ငံတကာသုတေသနအဖွဲ့ကို အကြမ်းဖက်အဖွဲ့မှ ဓါးစာခံအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီဓါးစာခံတွေကို အချိန်မှီကယ်တင်နိုင်ဖို့အတွက် အင်ဒိုနီးရှားအစိုးရကနေ ဗိုလ်ချုပ်ကြီးပရာဘိုဝိုဆူဘီအန်းတိုခေါင်းဆောင်တဲ့ လက်ရွေးစင်ကွန်မန်ဒိုတပ်ဖွဲ့ကို တာဝန်ပေးအပ်လိုက်ပါတယ်။ ဒီတပ်ဖွဲ့ထဲမှာတော့ တီမို့နဲ့ စီလာဆိုတဲ့ ကွန်မန်ဒိုနှစ်ဦးလည်းပါဝင်ပြီး သူတို့နှစ်ဦးမှာ ငယ်စဥ်ကတည်းက ညီအစ်ကိုရင်းပမာချစ်ခင်ရတဲ့ အာပိုလိုဆိုသူ တစ်ယောက်လည်း ရှိပါတယ်။ အာပိုလိုကတော့ ပြန်ပေးဆွဲတဲ့အဖွဲ့ဘက်တော်သားဖြစ်နေပြီး သူတို့ကြားက အနေအထားနဲ့ ငယ်စဥ်ကတည်းက အချင်းချင်းစောင့်ရှောက်ပေးကြမယ်ဆိုတဲ့ကတိစကားတွေကြောင့် ဓါးစာခံတွေကို ကယ်ဆယ်ရေးလုပ်ချိန်မှာ ဘယ်လိုထိပ်တိုက်ရင်ဆိုင်ကြမလဲဆိုတာကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီပြန်ပေးဆွဲမှုဟာ အင်ဒိုနီးရှားတပ်မတော်သမိုင်းမှာ ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး နိုင်ငံတကာဖိအားတွေကြားမှာ အောင်မြင်စွာဖြေရှင်းခဲ့ပုံကို ခံစားကြည့်ရှုရမယ့် ဖြစ်ရပ်မှန်အင်ဒိုစစ်ကားကောင်းလေး ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း