ဇာတ်ကားများ ရွေးရန်

Assi

2026ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားက ညဉ့်နက်သန်းခေါင် အမှောင်ထုထဲက လမ်းမတစ်ခုထက်မှာ အမျိုးသမီးတစ်ဦးကို ကားတစ်စီးပေါ် အတင်းအဓမ္မ ဆွဲသွင်းပြီး လူတစ်စုက ရက်ရက်စက်စက် စော်ကားကျူးလွန်ခဲ့တဲ့ အဖြစ်အပျက်နဲ့အတူ အစပျိုးထားပါတယ်။ ဒါပေမဲ့ ပိုပြီး ရင်နာစရာကောင်းတာက စိတ်ဒဏ်ရာအပြင်းအထန် ရသွားတဲ့ နစ်နာသူအတွက် တရားဥပဒေက အကာအကွယ် မပေးနိုင်ခဲ့တာပါပဲ။ လာဘ်ပေးလာဘ်ယူမှုတွေ၊ အာဏာရှင်ဆန်ဆန် ခြိမ်းခြောက်မှုတွေနဲ့အတူ သက်သေအထောက်အထားတွေကိုပါ အရှက်အကြောက်ကင်းမဲ့စွာ ဖျောက်ဖျက်ပစ်ကြတဲ့အခါ အမှန်တရားက တရားခွင်မှာ ပျောက်ဆုံးလုနီးပါး ဖြစ်လာပါတယ်။ ဥပဒေရဲ့ ဟာကွက်တွေကြားကနေ ငွေကြေးနဲ့ အာဏာကိုသုံးပြီး ပြစ်မှုကျူးလွန်သူတွေ အလွယ်တကူ လွတ်မြောက်ဖို့ ကြိုးစားနေကြတဲ့ အခြေအနေတွေကို ရင်တမမနဲ့ ဒေါသထွက်ဖွယ် ကြည့်ရှုရမဲ့ မှုခင်းဒရာမာ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း