Mr. X
၁၉၆၄ ခုနှစ်က အိန္ဒိယ-တရုတ် နယ်စပ် နန်ဒါဒေဝီ တောင်တန်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ အဖျက်စွမ်းအားကြီး နျူကလီးယားစက်ကြီးတစ်ခု နှစ်ပေါင်းများစွာကြာပြီးနောက် ပြန်လည်ပေါ်ထွက်လာတဲ့အခါ...။ ဒီဇာတ်လမ်းလေးဟာ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့မှာ ကျင်းပမဲ့ G20 ထိပ်သီးအစည်းအဝေးကြီးကို နောက်ခံထားပြီး အသက်ရှူမှားလောက်အောင် ရိုက်ကူးထားတဲ့ အက်ရှင်ထောက်လှမ်းရေး ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ နိုင်ငံတကာ ကြေးစားအဖွဲ့တွေ၊ သစ္စာဖောက်တွေနဲ့ တိုင်းပြည်ကို ကာကွယ်ရမဲ့ R&AW ထောက်လှမ်းရေး အေးဂျင့်တွေကြားက အားပြိုင်မှုတွေကို အချိတ်အဆက်မိမိ တင်ဆက်ထားတာကြောင့် စက္ကန့်မလပ် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားတစ်ကားလို့ ဆိုချင်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ R&AW အေးဂျင့် ဂေါတမ် တစ်ယောက် ရုရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဂန္ထဝင်အေးဂျင့် မစ္စတာ X ကို သွားရောက်ကယ်တင်ရမဲ့ လျှို့ဝှက်စစ်ဆင်ရေးတစ်ခုကို တာဝန်ယူလိုက်ရချိန်မှာတော့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ စတင်ပါတော့တယ်။ သူသွားကယ်ရမဲ့ မစ္စတာ X ဆိုတာ တခြားသူမဟုတ်ဘဲ ငယ်စဉ်ကတည်းက သူ့ကို ပစ်ထားခဲ့တဲ့ သူ့ရဲ့အရင်းနှီးဆုံး ဖခင်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ မိသားစုသံယောဇဉ်နဲ့ တိုင်းပြည်တာဝန်ကြား ဂေါတမ် ဘယ်လိုများ ရွေးချယ်မလဲ။ မျက်နှာမရှိတဲ့ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် "ရာနာ" ရဲ့ အနိဋ္ဌာရုံ နျူကလီးယား ခြိမ်းခြောက်မှုကြီးကနေရော အိန္ဒိယနိုင်ငံကို ဘယ်လို ကယ်တင်သွားမလဲဆိုတာကို လျှို့ဝှက်သည်းဖို ဇာတ်ကွက်တွေ၊ မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့အတူ အဆုံးထိ ရင်တမမနဲ့ စောင့်ကြည့်ရမဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း