Marama
"Mārama" ရုပ်ရှင်ဟာ ပရိသတ်တွေအတွက် တကယ့်ကို ထူးခြားဆန်းသစ်တဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်မယ့် Māori Gothic Horror ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၈၅၉ ခုနှစ် ဗစ်တိုးရီးယားခေတ် အင်္ဂလန်နိုင်ငံကို အနောက်ခံထားပြီး ပျောက်ဆုံးနေတဲ့ မိဘအရင်းတွေကို ရှာဖွေဖို့အတွက် နယူးဇီလန်နိုင်ငံကနေ တစ်ကိုယ်တော် ခရီးထွက်လာတဲ့ "မေရီ" လို့ခေါ်တဲ့ မောရီအမျိုးသမီးငယ်လေးရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ သူမဟာ မြောက်ယော့ခ်ရှိုင်းယားဒေသမှာရှိတဲ့ ခမ်းနားကြီးကျယ်ပေမဲ့ ခြောက်ခြားစရာကောင်းတဲ့ စံအိမ်ကြီးတစ်ခုဆီကို ရောက်ရှိလာပြီး အဲဒီအိမ်ပိုင်ရှင်ဖြစ်တဲ့ တောင်ပိုင်းပင်လယ်က ဝေလငါးဖမ်းသမားဟောင်း သူဌေးကြီး နသန်နီရယ်ကိုးလ်ရဲ့ မြေးမလေးအတွက် အိမ်တိုင်ရာရောက် ကျူရှင်ဆရာမအဖြစ် အလုပ်ဝင်လုပ်ရာကနေ ထိတ်လန့်ဖွယ် ဇာတ်လမ်းစတင်ပါတော့တယ်။ သာမန်အလုပ်တစ်ခုလို့ ထင်ရပေမဲ့၊ အဲဒီစံအိမ်ကြီးထဲမှာ ရောက်နေတဲ့အချိန်တစ်လျှောက်လုံး မေရီတစ်ယောက် သူမရဲ့ အတိတ်နဲ့ပတ်သက်တဲ့ ကြောက်မက်ဖွယ်ရာ အမြင်အာရုံချောက်ချားမှုတွေကို ဆက်တိုက် ကြုံတွေ့လာရပါတယ်။ ပိုပြီး ထူးဆန်းတာက စံအိမ်ကြီးရဲ့ နံရံတွေမှာ မောရီလူမျိုးတွေဆီကနေ အဓမ္မလုယူလာခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းတွေကို အပြည့်ချိတ်ဆွဲထားတာကို တွေ့လိုက်ရတဲ့အခါ သူဌေးကြီး နသန်နီရယ်ရဲ့ နောက်ကွယ်က ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို သူမ တဖြည်းဖြည်း ရိပ်မိလာပါတော့တယ်။ တိုင်းတစ်ပါးမှာ တစ်ယောက်တည်း ပိတ်မိနေတဲ့ မေရီတစ်ယောက် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကြားကနေ သူမရဲ့ မူလမျိုးနွယ်စု နာမည်ဖြစ်တဲ့ Mārama အဖြစ် ဘယ်လိုပြန်လည် အသက်ဝင်လာမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ ကိုလိုနီခေတ်ရဲ့ ရက်စက်မှုတွေ၊ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့ သွေးပျက်စရာ အချိတ်အဆက်တွေကို အကောင်းဆုံး ပေါင်းစပ်တင်ဆက်ထားတာဖြစ်လို့ Horror ကားကောင်းကောင်း ကြိုက်တဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် မျက်တောင်မခတ်တမ်း အားပေးရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း