Anali
ဒီဇာတ်ကားလေးကတော့ တစ်ညတာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ အက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ရဲအရာရှိတွေ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ပေါင်းပြီး နိုင်ငံခြားကို မှောင်ခိုပစ္စည်းတွေပို့နေတဲ့ အကြီးစားလူဆိုးဂိုဏ်းကြီးတစ်ခုရှိပါတယ်။ တစ်ညမှာတော့ ဂိုဏ်းခေါင်းဆောင်ရဲ့မွေးနေ့ပါတီကျင်းပရင်း အကြီးစားမှောင်ခိုတင်ပို့မှုလုပ်ဖို့အတွက် ဆိပ်ကမ်းတစ်ခုမှာ အလုပ်သမားတွေနဲ့ ပါတီလုပ်နေချိန် ဂျန်စီတို့သားအမိ ငှားလာတဲ့သုံးဘီးသမားက ပါတီက ဒံပေါက်အလကားစားဖို့ အဲ့ဒီနေရာကို သွားယူချိန်မှာ မမျှော်လင့်ဘဲ သုံးယောက်စလုံး အဖမ်းခံလိုက်ရပါတယ်။ ကံကောင်းလို့ လွတ်လာခဲ့ပေမယ့် သမီးလေးရဲ့အိတ် ကျန်ခဲ့လို့ နောက်တစ်ခေါက် ပြန်သွားယူချိန်မှာတော့ အားလုံး ရှုပ်ကုန်ပြီး ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲ။ အဲ့ဒီအိတ်က ဘာလို့ အဲ့လောက်အရေးကြီးရတာလဲ။ လူဆိုးဂိုဏ်းရဲ့အစီအစဉ်တွေ ဘယ်လိုကမောက်ကမ ဖြစ်ကုန်မလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် အက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ လာလ်ချယ်တာ အဖြစ် မင်းသား Shakthi Vasu ၊ မစ္စတာခန်း အဖြစ် မင်းသား Kabir Duhan Singh နဲ့ ဂျန်စီ အဖြစ် မင်းသမီး Cynthia Lourde တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း