ဇာတ်ကားများ ရွေးရန်

Star Wars: The Mandalorian and Grogu

2026ဇာတ်ကားWeb-dl 4K SDR

Star Wars ပရိသတ်တွေရဲ့ အချစ်တော် မျက်နှာဖုံးစွပ် ကြေးစားစစ်သည်တော်ကြီး မန်ဒါလိုးရီးယန်း (ဒင်ဂျာရင်) နဲ့ စွမ်းအားရှင် ကလေးလေး ဂရိုဂူး (Baby Yoda) တို့ သားအဖနှစ်ယောက်ဟာ ဒီတစ်ခါမှာတော့ တီဗွီစခရင်မ်တွေထက်ကျော်လွန်ပြီး ရုပ်ရှင်ရုံပိတ်ကားကြီးတွေပေါ်ကို ရောက်ရှိလာပါပြီ။ "The Mandalorian and Grogu" ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သူတို့နှစ်ယောက်ဟာ New Republic အစိုးရအတွက် လျှို့ဝှက်အလုပ်တွေ လုပ်ပေးရင်း ဂလက်ဆီတစ်ခွင်မှာ ကျန်ရစ်နေသေးတဲ့ အင်ပါယာအကြွင်းအကျန်တွေကို လိုက်လံနှိမ်နင်းမယ့် စွန့်စားခန်းအသစ်တွေကို မြင်တွေ့ရမှာပါ။ ဂရိုဂူးလေးကို တရားဝင် သားအဖြစ် မွေးစားလိုက်ပြီးနောက်ပိုင်း မန်ဒါလိုးရီးယန်း စစ်သည်တော်ကျင့်စဉ်တွေကို သင်ပေးရင်း ဂလက်ဆီအနှံ့ ခရီးထွက်လာတဲ့ သူတို့ရဲ့ ခရီးစဉ်ဟာ အရင်ကထက် ပိုပြီး အန္တရာယ်များသလို ပိုပြီးလည်း စိတ်လှုပ်ရှားစရာ ကောင်းလာပါတယ်။ ငြိမ်းချမ်းရေးရစပြုနေတဲ့ ဂလက်ဆီကြီးကို ခြိမ်းခြောက်လာမယ့် အမှောင်စွမ်းအား အသစ်တွေ အင်အားကြီးမားတဲ့ ရန်သူဟောင်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန်မှာတော့ ဒီသားအဖနှစ်ယောက်ရဲ့ သံယောဇဉ်နဲ့ အစွမ်းသတ္တိကို အကြီးအကျယ် စမ်းသပ်ပါတော့တယ်။ အာကာသထဲက အလန်းစား တိုက်ပွဲတွေ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် အက်ရှင်အခန်းတွေအပြင် ဒင်ဂျာရင် နဲ့ ဂရိုဂူး တို့ကြားက နွေးထွေးတဲ့ သံယောဇဉ်ကိုပါ ခံစားကြည့်ရှုရမှာပါ။ Star Wars ပရိသတ်တွေသာမက အက်ရှင်နဲ့ စွန့်စားခန်း ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတိုင်းအတွက် မျက်စိတစ်မှိတ်တောင် အလွတ်မခံချင်လောက်အောင် ဆွဲထားမယ့် ဂလက်ဆီတစ်ခွင်က အကြီးမားဆုံး ခရီးစဉ်ကြီးတစ်ခုအဖြစ် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း