ဇာတ်ကားများ ရွေးရန်

Kundun

1997ဇာတ်ကားအမှတ် 7/10Blu-ray 1080p

* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ယခုတစ်ခေါက် တင်ဆက်ပေးမယ့်ဇာတ်ကားကောင်းလေးကတော့ နာမည်ကျော်ဒါရိုက်တာ မာတင် စကော်ဆီဇီ (Martin Scorsese) ရိုက်ကူးခဲ့ပြီး ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ "Kundun" ဆိုတဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ တိဗက်လူမျိုးတို့ရဲ့ဘာသာ‌ရေးခေါင်းဆောင် ဒလိုင်းလာမားရဲ့ ငယ်ဘဝကနေ အိန္ဒိယနိုင်ငံကို တိမ်းရှောင်ထွက်ပြေးခဲ့ရတဲ့အချိန်အထိ သမိုင်းကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်လို့ သမိုင်းနောက်ခံဇာတ်လမ်းနဲ့ ကမ္ဘာ့ရေးရာတွေကို စိတ်ဝင်စားသူများအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစကတော့ တိဗက်နိုင်ငံ အနောက်ပိုင်းက ဆင်းရဲတဲ့ရွာငယ်လေးတစ်ခုမှာ စတင်ပါတယ်။ တိဗက်လူမျိုးတွေရဲ့ ယုံကြည်ချက်အရ ကွယ်လွန်သွားပြီဖြစ်တဲ့ ၁၃ ကြိမ်မြောက် ဒလိုင်းလားမားရဲ့ ဝိညာဉ်ဟာ ကလေးငယ်တစ်ဦးရဲ့ ကိုယ်ထဲမှာ ပြန်လည်ဝင်စားလာတယ်လို့ ယူဆကြပါတယ်။ အဲဒီနောက် ဘုန်းတော်ကြီးတွေဟာ စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်ပြီးနောက် အသက်နှစ်နှစ်သာရှိသေးတဲ့ ကလေးငယ်လေးကို ၁၄ ကြိမ်မြောက် ဒလိုင်းလားမားအဖြစ် တင်မြှောက်ခဲ့ကြပါတယ်။ ကလေးငယ်ဟာ နန်းတော်ထဲမှာ တိဗက်တို့ရဲ့ ရိုးရာဓလေ့၊ ဗုဒ္ဓဘာသာတရားတော်တွေနဲ့အတူ ဘုရင်တစ်ပါးလိုရော ဘာသာရေးခေါင်းဆောင်တစ်ဦးအနေနဲ့ပါ ကြီးပြင်းလာခဲ့ရပါတယ်။ ဒါပေမဲ့ ကလေးငယ် အရွယ်ရောက်လာတဲ့အခါမှာတော့ တိဗက်နိုင်ငံအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးတစ်ခုနဲ့ ရင်ဆိုင်လာရပါတော့တယ်။ အိမ်နီးချင်းတရုတ်နိုင်ငံက နိုင်ငံရေးအရ အပြောင်းအလဲတွေဖြစ်လာပြီး တိဗက်နိုင်ငံကို ပြည်သူ့လွတ်မြောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကျူးကျော်ဝင်ရောက်လာပါတော့တယ်။ ငြိမ်းချမ်းရေးကို အလေးထားပြီး အကြမ်းဖက်မှုကို လုံးဝလက်မခံတဲ့ ဗုဒ္ဓဘာသာနိုင်ငံငယ်လေးဟာ စစ်အင်အားကြီးမားတဲ့ ကျူးကျော်သူတွေရဲ့ ဖိနှိပ်မှုကို ရင်ဆိုင်ရတဲ့အခါ ဘယ်လိုဆက်လုပ်ရမလဲဆိုတဲ့ အကျပ်အတည်းနဲ့ ကြုံတွေ့လာရပါတယ်။ ဒလိုင်းလာမားကိုယ်တိုင်လည်း တိုင်းပြည်နဲ့လူမျိုးအတွက် နိုင်ငံရေးအရရော ဘာသာရေးအရပါ ဖိအားတွေပေးခံလာရပါတယ်။နောက်ဆုံးမှာတော့ အခြေအနေတွေဟာ ပိုမိုဆိုးရွားလာပြီး တိဗက်ပြည်သူတွေရဲ့အသက်အန္တရာယ်နဲ့ ဘာသာရေးယဉ်ကျေးမှုတွေ ခြိမ်းခြောက်ခံလာရတဲ့အခါ ဒလိုင်းလာမားဟာ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့အတွက် အခက်အခဲများစွာကြားကနေ ဟိမဝန္တာတောင်တန်းတွေကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံဘက်ကို စွန့်စားတိမ်းရှောင်ခဲ့ရပါတော့တယ်။ ဒီဇာတ်ကားမှာ အကြမ်းဖက်မှုတွေနဲ့ စစ်ပွဲတွေကြားထဲမှာ မားမားမတ်မတ် ရပ်တည်နေတဲ့ ငြိမ်းချမ်းရေးတရား၊ လူ့အခွင့်အရေးနဲ့ လူသားဆန်မှုတို့ရဲ့ တန်ဖိုးကို အထင်အရှား မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တိဗက်တို့ရဲ့ ရိုးရာယဉ်ကျေးမှုအလှအပတွေ၊ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေအပြင် ဖိနှိပ်မှုတွေကြားထဲကနေ မာန်မကျဘဲ ငြိမ်းချမ်းရေးကို တည်ဆောက်ပြခဲ့တဲ့ ခေါင်းဆောင်တစ်ဦးရဲ့ စိတ်ဓာတ်ခွန်အားကို ခံစားရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်တာကြောင့် အခုပဲ ကြည့်ရှုလိုက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ဇာတ်လမ်းအကြောင်း