A Mighty Heart
ဘောလိဝုဒ်ရဲ့ မင်းသားကြီး Irrfan Khan နဲ့ ဟောလိဝုဒ် မင်းသမီး Angelina Jolie တို့ ပါဝင်ထားတဲ့ ၉/၁၁ နောက်ဆက်တွဲ ဖြစ်ရပ်မှန် ဇာတ်လမ်း ၉/၁၁ ဖြစ်စဉ်ကြောင့် ပါကစ္စတန်ကို နိုင်ငံတကာကနေ သတင်းထောက်ပေါင်း ၃,၀၀၀ ကျော် ရောက်ရှိလာခဲ့လာခဲ့ပါတယ်။ အဲဒီအထဲက Wall Street ဂျာနယ်က ဒန်နီဟာ ဂျီလာနီဆိုတဲ့ ဘာသာရေး ခေါင်းဆောင်နဲ့ အင်တာဗျူးဖို့ သွားရာကနေ အိမ်ပြန် ရောက်မလာတော့ပါဘူး။ သူ့မိန်းမဖြစ်သူက ဂျာနယ်တိုက်ကိုရော သံရုံး၊ အဆက်အသွယ် အကုန် သုံးပြီး လိုက်ရှာဖို့ ကြိုးစားခဲ့ပါတော့တယ်။ ဒါပေမဲ့ ပြဿနာက ပါကစ္စတန်ဖက်က ဒန်နီကို CIA သူလျှိုလို့ စွပ်စွဲကြပြီး ဒါဟာ အိန္ဒိယဘက်က လုပ်ကြံတဲ့ ဇာတ်လမ်းလို့ စွပ်စွဲသလို သတင်းထောက်ပေါင်း ၃,၀၀၀ ထဲက ကံဆိုးသူ မောင်ရှင်ဖြစ်ရတာဟာ အကြောင်းရှိလို့လို့ စွပ်စွဲကြပါတယ်။ ဒါပေမဲ့ CID အကြမ်းဖက် နှိမ်နင်းရေးနဲ့ သံရုံးဖက်ကတော့ ဒန်နီကို ရှာတွေ့ဖို့ အားကြိုးမာန်တက် ကြိုးစားခဲ့ကြပါတယ်။ ဒန်နီရဲ့ ဇနီးဖြစ်သူ မာရီယန်ဟာလည်း သတင်းထောက် တစ်ဦးဖြစ်ပြီး တက်နိုင်သလောက် ခင်ပွန်းဖြစ်သူရဲ့ သဲလွန်စတွေကို စုဆောင်းပါတော့တယ်။ ခင်ပွန်းဖြစ်သူရဲ့ အီးမေးလ် အဆက်အသွယ်တွေကနေ တစ်ဆင့် သဲလွန်စတွေကို တစ်ခုချင်း လိုက်ကောက်နေရင်း ဂျီဟာနီဆိုတဲ့ ဘာသာရေး ခေါင်းဆောင်ကို ရှာတွေ့ရင် အားလုံး အဆုံးသတ်ပြီလို့ ထင်ခဲ့ပေမဲ့ ချည်မျှင်တွေက ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးနေခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကတင် လူတိုင်း သိတဲ့ နာမည်ကျော် အဖွဲ့အစည်းကြီးက အခုတော့ စုန်းစုန်းမြုပ် ပျောက်ကွယ်သွားခဲ့ပြီး ထင်ထားတာထက် ရေက ပိုနက်နေခဲ့ပါတယ်။ ဒါဟာ သာမန် ပြန်ပေးဆွဲမှု မဟုတ်ခဲ့ဘဲ လပေါင်းများစွာ ကြိုတင် ကြံစည်ထားခဲ့တဲ့ အမှု တစ်ခု ဖြစ်နေခဲ့ပါတယ်။ ရှုပ်ထွေးစွာ ပါဝင်လာတဲ့ နိုင်ငံရေးများနဲ့ ဒီလို ကြိုတင် ကြံစည်မှုတွေကြားမှာ ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာကို အခုပဲ ဆက်လက် ကြည့်ရှု့နိုင်ပါပြီ။
ဇာတ်လမ်းအကြောင်း