A Melody to Remember
A Melody to Remember (2016) A Melody to remember ဆိုတဲ့ ရုပ်ရှင်ကားကတော့ 2016ခုနှစ်မှာ ပြသခဲ့ပြီး သရုပ်ဆောင် Yim Si-wan, Go Ah-jung, Lee Hee-joon နဲ့ ကလေးသရုပ်ဆောင် Lee Re, Joon Won Jung တို့ အဓိကပါဝင်တဲ့ War/Action ဇာတ်လမ်းအမျိုးအစား ဖြစ်ပါတယ်။ 1945ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ မူဝါဒမှိုင်းကြောင့် 1950ခုနှစ် ကိုရီးယားကျွန်းဆွယ်မှာ ကိုရီးယားစစ်ပွဲစတင်ဖြစ်ပွားခဲ့ပါတော့တယ်။ စစ်ပွဲဟာ သုံးနှစ်ကြာမြင့်ခဲ့ပြီး စစ်ပွဲအတွင်းမှာ ကွန်မြူနစ်တပ်နဲ့ ဒီမိုကရေစီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ဘေးသင့်မိဘမဲ့ကလေးတွေလည်း များပြားလာခဲ့ပါတယ်။ ဒုဗိုလ် ဟန်ဆန်းလျော (Yim Si-wan) က ရှေ့တန်းကနေ ဘူဆန်ဘက်ကို ပြောင်းမိန့်ကျပြီး မိဘမဲ့ဂေဟာတစ်ခုကို စီမံကြီးကြပ်ရပြီး ကျောင်းအုပ် ဆရာမ ဂျူမီ (Go Ah-jung) နဲ့ တွေ့ဆုံခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဖအေဖြစ်သူက ကွန်မြူနစ်အလိုကျ ဝါဒဖြန့်ပေးရတဲ့အတွက် ကွန်မြူနစ်လို့ သမုတ်ခံရတဲ့ ဆွန်းအီ (Lee Re) နဲ့ ဒုံးဂူ ( Joon Won Jung) ဟာ ဖအေဖြစ်သူအသတ်ခံရပြီးနောက် ပွဲစား ချိတ်ကောက်ဦးလေးကြီး (Lee Hee-joon) ဆီရောက်သွားပါတော့တယ်။ ချိတ်ကောက်ဦးလေးကြီးက အရင်က စစ်သားဟောင်းဖြစ်ခဲ့ပြီး သူဌေးတွေရဲ့ ခိုင်းဖက်တစ်ယောက်လည်းဖြစ်ပါတယ်။ စစ်ပွဲကြောင့် မိဘမဲ့ဖြစ်ရတဲ့ ကလေးတွေဟာ အသက်ရှင်ရပ်တည်ဖို့ အလောင်းမှာရှိတဲ့ ပစ္စည်းတွေ၊ ကျည်ဆံ၊ဗုံးတွေကို ကောက်ယူထုခွဲရောင်းချပြီး နေထိုင်ရတဲ့အတွက် ဒုဗိုလ်ဟန်က မိဘမဲ့ကလေးတွေကို စုစည်းပြီး သံစုံကျူးဝိုင်းအဖွဲ့တစ်ခုထောင်ဖို့ စီစဥ်ပါတော့တယ်။ ဒုဗိုလ်ဟန်ရဲ့ အစီအစဥ်ဟာ သေချာအကောင်အထည်ပေါ်လာပြီး နောက်ဆုံးမှာ အမေရိကန်လွှတ်တော်ထဲထိ ပထမဆုံး သွားရောက်ဖျော်ဖြေရတဲ့အဖွဲ့ ဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားမှာ စစ်ပွဲရဲ့ သက်ရောက်မှုကြောင့် မိဘမဲ့ဖြစ်ရတဲ့ ကလေးတွေရဲ့ အခက်အခဲ၊ မောင်နှမနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ၊ ဒုဗိုလ်ဟန်ရဲ့ ကလေးတွေအပေါ် ကာကွယ်ပေးမှု စတာတွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ File Size - 2.2 GB/ 904 MB Quality - WEB-DL 1080p/ 720p Duration - 2h 4m Format - mp4 Genre - Action, Drama, War Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း