ဇာတ်ကားများ ရွေးရန်

The Swindlers

2017ဇာတ်ကားအမှတ် 6.7/10117 မိနစ်

The Swindlers (2017) IMDb..... 6.7 ပရိသတ်ကြီးတို့အတွက် 2017 ခုနှစ်က ထွက်ရှိခဲ့တဲ့ Plot twist အမိုက်စားနဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ Cast တွေအနေနဲ့တော့ ပရိသတ်ကြီးတို့နဲ့ ရင်းနှီးပြီးသားဖြစ်ကြတဲ့ Hyun-Bin၊ Yoo Ji-Tae၊ Bae Sung-Woo၊ Nana၊ Park Sung-Woong တို့အပြင် တခြားဝါရင့်သရုပ်ဆောင်ကြီးများစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း- သေသွားပြီလို့ ထင်ခဲ့ကြတဲ့ လိမ်လည်မှုအကြီးစားကြီး လုပ်ခဲ့တဲ့ ဂျန်ဒူချီဆိုတဲ့ ရာဇဝတ်သားက အသက်ရှင်နေတယ်လို့ သတင်းသဲ့သဲ့ကြားရတဲ့အခါမှာတော့ အမှုရဲ့ တာဝန်ခံအမှုစစ်ဖြစ်ခဲ့တဲ့ ဘတ်ဟီဆူး (Yoo Ji-Tae) တစ်ယောက် လာဘ်ပေးလာဘ်ယူလုပ်ထားတာတွေ မပေါ်လာအောင် ဂျန်ဒူချီကို ဖမ်းပြီး နှုတ်ပိတ်ဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ပဲ သာမန်နည်းလမ်းနဲ့ ဖမ်းရခက်တဲ့ လူလိမ်ကြီးကို ဖမ်းဖို့အတွက် ဂိုဆော့ဒုံ (Bae Sung-Woo)ရဲ့ လူလိမ်အဖွဲ့အပြင် လူလိမ်တွေကိုပဲ ပြန်လိမ်တဲ့ ကတုံးပေါ်ထိပ်ကွက်တတ်တဲ့ ဟွမ်ဂျီဆောင်း (Hyun-Bin) ဆိုတဲ့ လူလိမ်နဲ့ပါ ပူးပေါင်းပြီး ဖမ်းရာကနေ ဂျန်ဒူချီကို ဖမ်းမိသွားမလား ... အစွန်းနှစ်ဖက်မှာရှိနေကြတဲ့ လူတွေဖြစ်တဲ့ လူလိမ်အဖွဲ့နဲ့ အမှုစစ်တစ်ယောက်က ပူးပေါင်းလို့ရမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ကြည့်ရှုခံစားကြည့်လိုက်ပါဦးနော်။ File Size : 1.87GB/ 830MB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…1hr 57m Genre : Action, Thriller, Business, Crime Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း