ဇာတ်ကားများ ရွေးရန်

Default

2018ဇာတ်ကားအမှတ် 6.9/10114 မိနစ်

Default (2018) IMDb..... 6.9 ဒီရုပ်ရှင်ဟာ ၁၉၉၇ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ IMFငွေကြေးအကျပ်အတည်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး box officeဝင်ငွေ 27.6 millionရရှိခဲ့သလို ဆုတွေအများကြီးလည်း ဆွတ်ခူးခဲ့ပါသေးတယ်။ Cast‌တွေအဖြစ် "Under the Queen's Umbrella" ဇာတ်ကားမှ မင်းသမီးကြီး Kim Hye Soo, "Hellbound" ဇာတ်ကားမှ မင်းသား Yoo Ah In, "Buried Hearts" ဇာတ်ကားမှ မင်းသားကြီး Huh Joon Ho တို့အပြင် တခြားနာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟန်ရှီဟျွန်း (Kim Hye Soo) ဟာ ကိုရီးယားဘဏ် ငွေကြေးမူဝါဒအဖွဲ့ရဲ့ အဖွဲ့မှူးဖြစ်ပြီး နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအကျပ်အတည်းကို ကြိုတင်ခန့်မှန်းမိတာကြောင့် ဘဏ်ဥက္ကဌဆီကို အစီရင်ခံတင်ပြခဲ့သူဖြစ်သလို အကျပ်အတည်းကာလမှာလည်း ပြည်သူတွေဆီကို မှန်ကန်တဲ့သတင်းကိုပေးဖို့ ကြိုးစားခဲ့တဲ့သူပါ။ ယွန်းဂျောင်ဟက် (Yoo Ah In) ကတော့ ကုန်သည်ဘဏ်အဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးအတိုင်ပင်ခံမန်‌နေဂျာဖြစ်ပြီး ရေဒီယိုအစီအစဉ်တစ်ခုကြောင့် နိုင်ငံတော်ရဲ့စီးပွားရေးအခြေအနေကို သတိပြုမိကာ ချက်ချင်းဆိုသလို ဘဏ်ကနေအလုပ်ထွက်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ အကျပ်အတည်းကာလကို အခွင့်အရေးအဖြစ်အသုံးချပြီး အကျိုးအမြတ်ရဖို့ ကြိုးစားပါတော့တယ်။ ဂါ့ဆူ (Huh Joon Ho) ကတော့ အသေးစားစက်ရုံပိုင်ရှင်တစ်ယောက်ဖြစ်ပြီး အဲဒီ ဘဏ္ဍာရေး အကျပ်အတည်း အခြေအနေတွေကို ဘာမှမရိပ်မိဘဲ သူ့စက်ရုံကပန်းကန်လုံးကို ကုန်တိုက်မှာ တင်သွင်းခွင့်ရအောင် ကြိုးစားနေသူပါ။ အဲဒီလို တောင်ကိုရီးယားရဲ့ IMFငွေကြေးအကျပ်အတည်းကာလကို ဒီလူ၃ယောက်ရဲ့ ဇာတ်လမ်းကနေတစ်ဆင့် အသေအချာ ရိုက်ကူးဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။ File Size : 2.36GB/ 810MB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…1hr 57m Genre : Thriller, Mystery, Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း