ဇာတ်ကားများ ရွေးရန်

Confession of Murder

2012ဇာတ်ကားအမှတ် 7.2/10119 မိနစ်

Confession of Murder (2012) တောင်ကိုရီးယားနိုင်ငံမှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ ဟွာဆောင်းကွင်းဆက်လူသတ်မှုကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ကိုရီးယား ရုပ်ရှင်ကားကောင်းတစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးမှာတော့ Il Ji Mae, Babel ထဲက မင်းသား Park Si Hoo၊ Partners for Justice ထဲက မင်းသားကြီး Jung Jae Young တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ချွဲဟျွန်းဂူ (Jung Jae-young)ဟာ အကြမ်းဖက်ရာဇဝတ်မှုအဖွဲ့ရဲ့ စုံထောက်တစ်ယောက်ဖြစ်ပြီး ရက်စက်တဲ့ ကွင်းဆက်လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ လူသတ်သမားကို လိုက်ဖမ်းဖို့ ကြိုးစားနေရင်းနဲ့ ဒီအမှုတွေဟာ သူ့ဘဝတစ်လျှောက်လုံး မဖြေရှင်းနိုင်တဲ့ အခက်ခဲဆုံး ပုစ္ဆာတွေ ဖြစ်လို့နေခဲ့ပါတယ်။ ဒီလိုနဲ့ ၁၅နှစ် ကြာသွားပြီးနောက်မှာတော့ အဲဒီကွင်းဆက်လူသတ်မှုတွေအတွက် သတ်မှတ်ထားတဲ့ အမှုသက်တမ်း ကျော်လွန်သွားတဲ့အတွက် တရားခံကို ဖမ်းမိရင်တောင်မှ အပြစ်ပေးလို့ မရနိုင်တော့တဲ့ အချိန်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အီဒူဆော့(Park Si-hoo) ဆိုတဲ့ လူတစ်ယောက်ဟာ သူဟာ ဒီလူသတ်မှုတွေရဲ့ တရားခံဖြစ်ကြောင်းကို ဝန်ခံလိုက်ပြီး သူ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအကြောင်း အသေးစိတ်ရေးသားထားတဲ့ "ငါဟာ လူသတ်သမား" လို့ အမည်ရတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေလိုက်ပါတယ်။ ဒီစာအုပ်ဟာ လူ့အဖွဲ့အစည်းကြားမှာ အကြီးအကျယ် လူပြောများသွားပြီး အီဒူဆော့ဟာ နာမည်ကျော် လူကြိုက်များသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း စုံထောက် ချွဲဟျွန်းဂူဟာ ဒီကိစ္စကို လက်ခံဖို့ ခက်ခဲနေပြီး ဒီလို နာမည်ကျော်ကြားမှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအရာတွေရှိနေလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်။ စုံထောက် ချွဲဟျွန်းဂူတစ်ယောက် အမှန်တရားကို ဘယ်လိုရှာဖွေမလဲ... အီဒူဆော့ကရော တကယ့် တရားခံအစစ် ဖြစ်ပါ့မလား....ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ရှုစားပေးပါဦးနော်... File size…1.9GB / 925MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Action, Thriller, Mystery, Psychological, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း