ဇာတ်ကားများ ရွေးရန်

Deep Blue Sea

1999ဇာတ်ကားအမှတ် 6.0/10105 မိနစ်

မှတ်ဉာဏ်တွေ တဖြည်းဖြည်း ပျောက်ဆုံးစေတဲ့ အယ်လ်ဇိုင်းမားရောဂါကြောင့် မိဘတွေကို ဆုံးရှုံးခဲ့ရတဲ့ ဆရာဝန်မတစ်ယောက်ဟာ အဲဒီရောဂါအတွက် ကုထုံးသစ်ရှာဖို့ ကြိုးစားနေပါတယ်။ ဆေးကုမ္ပဏီကြီးတစ်ခုရဲ့ ထောက်ပံ့မှုနဲ့ သုတေသနလုပ်နေပြီး သူတို့ရဲ့ဌာနက ဒုတိယကမ္ဘာစစ်ခေတ် ရေငုပ်သင်္ဘောတွေ ဆီဖြည့်ခဲ့တဲ့ စခန်းဟောင်းကို ပြုပြင်ထားတဲ့ နေရာပါ။ အဲဒီလိုနေရာမှာ စမ်းသပ်နေကြတာက ကုထုံးဟာ ငါးမန်းတွေရဲ့ ဦးနှောက်နဲ့ ဆက်စပ်နေလို့ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲက စမ်းသပ်မှုမှာ ငါးမန်းရဲ့ဦးနှောက်ကို ပုံမှန်ထက် ငါးဆလောက် ကြီးလာအောင် အရင်လုပ်ကြတယ်။ ပြီးတော့ အယ်လ်ဇိုင်းမားလူနာရဲ့ ပျက်စီးနေတဲ့ ဦးနှောက်ဆဲလ်တွေကို ငါးမန်းဦးနှောက်ထဲမှာ မြှုပ်နှံပြီး ရလဒ်ကို လေ့လာကြပါတယ်။ စမ်းသပ်ချက် အောင်မြင်လာပြီး ငါးမန်းဦးနှောက်ထဲက ပရိုတင်းဆဲလ်တွေကြောင့် လူနာရဲ့ ဦးနှောက်ဆဲလ်တွေ ပြန်အလုပ်လုပ်လာတယ်။ ဒါပေမဲ့ သူတို့ ထည့်မတွက်ခဲ့တာတစ်ခု ရှိပါတယ်။ ဦးနှောက်ကြီးလာတာနဲ့အတူ စမ်းသပ်ခံငါးမန်းတွေရဲ့ ဉာဏ်ရည်ကလည်း အလွန်မြင့်လာတာပါ။ အရှည် ၄၅ ပေ၊ အလေးချိန် ပေါင် ၈,၀၀၀ လောက်ရှိတဲ့ ဉာဏ်ရည်မြင့် ငါးမန်းပြာတစ်ကောင်က ဘာတွေ တွေးမိနိုင်မလဲ၊ ဘာကို လိုချင်နေမလဲဆိုတာက သူတို့ရဲ့ စမ်းသပ်မှုမှာ မျှော်လင့်မထားတဲ့ မေးခွန်းတွေ ဖြစ်လာပါတယ်။ အက်ရှင်၊ စွန့်စားခန်းနဲ့ သိပ္ပံစိတ်ကူးယဉ် ရောထားတဲ့ ဒီကားမှာ Samuel L. Jackson၊ အဆိုတော်နဲ့ သရုပ်ဆောင် LL Cool J တို့ ပါဝင်ထားပါတယ်။ မင်းသမီး Saffron Burrows ကတော့ Troy ရုပ်ရှင်မှာ Hector ရဲ့ဇနီးအဖြစ် သရုပ်ဆောင်ခဲ့သူပါ။

ဇာတ်လမ်းအကြောင်း