ဇာတ်ကားများ ရွေးရန်

Last Child

2018ဇာတ်ကားအမှတ် 7.7/10123 မိနစ်

Last Child (2017) ဒီတစ်ခေါက်မှာတော့ 2017ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Last Child ဆိုတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးမှာတော့ Reply1988ထဲမှ မင်းသားကြီး Choi Moo Sung, Beyond The Barထဲမှ မင်းသမီးကြီး Kim Yeo Jinနဲ့ Twelveထဲမှ Sung Yoo Binတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဆောင်းချော (Choi Moo Sung)နဲ့ မီဆု (Kim Yeo Jin)တို့ဟာ တစ်ဦးတည်းသော သားဖြစ်သူ အွန်းချန်း သေဆုံးသွားတဲ့ အတွက်ကြောင့် ဖြေမဆည်နိုင် ဖြစ်နေကြသူတွေပါ။ အွန်းချန်းလေးဟာ သူငယ်ချင်းဖြစ်သူ ဂီဟျွန်း(Sung Yoo Bin) ရေနစ်နေတာကို ကယ်တင်ရာမှ မတော်တဆသေဆုံးသွားခဲ့ရတာပါ။ သားဖြစ်သူ ကယ်တင်ခဲ့တဲ့ ဂီဟျွန်းဆိုတဲ့ ကလေးဟာ မိဘတွေရဲ့ စွန့်ပစ်ခြင်းကို ခံထားရပြီး နေထိုင်စားသောက်ဖို့အတွက် ကျောင်းထွက်ကာ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရတယ်ဆိုတာကို ဆောင်းချောနဲ့ မီဆုတို့ သိသွားတဲ့အခါမှာတော့ ဂီဟျွန်းကို တာဝန်ယူ စောင့်ရှောက်ပေးရင်း လစ်ဟာနေတဲ့ သားလေးနေရာကို ဖြည့်ဆည်းဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒီလိုနဲ့ သူတို့ သုံးယောက်ဟာ ဒဏ်ရာတွေကို မေ့ပြီး ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်နိုင်မှာလား။ အွန်းချန်းရဲ့ သေဆုံးမှုကရော ထင်ထားသလို ရိုးရှင်းရဲ့လားဆိုတာကို ခံစားကြည့်ရှုလိုက်ရအောင်နော်။ File Size - 1.45 GB/ 647 MB Quality - WEB-DL 1080p/ 720p Duration - 2h 3m Format - mp4 Genre - Drama, Thriller Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း