ဇာတ်ကားများ ရွေးရန်

Fracture

2007ဇာတ်ကားအမှတ် 7.3/10113 မိနစ်

လေယာဉ်ကုမ္ပဏီတစ်ခု ပိုင်ဆိုင်တဲ့ တက်ဒ်ခရောဖော့ဟာ ထက်မြက်တဲ့လူတစ်ယောက်ပါ။ သူ့မှာ ငယ်ရွယ်ချောမောတဲ့ဇနီးရှိပြီး အဲဒီဇနီးက စုံထောက်တစ်ယောက်နဲ့ ဖောက်ပြန်နေကြောင်းလည်း သူသိထားတယ်။ တစ်ညမှာတော့ တက်ဒ်ဟာ ဇနီးကို သေနတ်နဲ့ ပစ်လိုက်ပါတယ်။ သူလုပ်ခဲ့တာကို ပေါ်ပေါ်တင်တင် ဝန်ခံပြီး သက်သေပြနိုင်ရင် ပြကြဖို့ပါ စိန်ခေါ်ထားတယ်။ တစ်ဖက်မှာ ဝီလီယမ်ဆိုတဲ့ လူငယ်ရှေ့နေတစ်ယောက်က နာမည်ကြီးရှေ့နေအဖွဲ့ဆီ ရောက်နေသူပါ။ အဲဒီဝီလီယမ်နဲ့ တက်ဒ်တို့ တရားခွင်မှာ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ ကိုယ်လုပ်ခဲ့တာကို ဝန်ခံထားသူတစ်ယောက်ရဲ့ အမှုကို ဘယ်လိုသက်သေပြမလဲဆိုတာ လိုက်ကြည့်ရပါတယ်။ Anthony Hopkins နဲ့ Ryan Gosling တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်း၊ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း