The Concierge
The Concierge (2023) IMDB – 6.6/10, MyAnimeList – 7.5/10 ပိတ်ရက်မှာ မိသားစုနဲ့ အတူတူ ကြည့်ရှုခံစားဖို့ကောင်းတဲ့ ဂျပန် Anime ရုပ်ရှင်ကားလေး တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ခေါင်းစဉ်အတိုင်း ကုန်တိုက်ကြီးတစ်ခုမှာ အစမ်းခန့်အနေနဲ့ စတင်အလုပ်လုပ်ရတဲ့ အကူဝန်ထမ်းမလေးအကြောင်းပါ။ ဇာတ်လမ်းအရ ဇာတ်လိုက်ကောင်မလေး Akino က လူသားဆိုပေမဲ့ သူတို့ကုန်တိုက်ဆိုတာက တိရစ္ဆာန်အကောင်ပလောင် လာရောက်ဈေးဝယ်ကြတာမျိုးပါ လူသားတွေဆိုလို့ ဝန်ထမ်းတွေပဲ ရှိတာပေါ့။ အဲဒီမှာ Akino တစ်ယောက် ဝန်ထမ်းလုပ်ရင်း ဘာတွေကြုံတွေ့ရမလဲ အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာကို ပေါ့ပေါ့ပါးပါး တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒီလိုပြောလို့ ဇာတ်လမ်းလေးက ရိုးရှင်းပေမဲ့ ဝန်ဆောင်မှုပေးတာနဲ့ ပတ်သက်တဲ့ သင်ခန်းစာယူစရာလေးတွေ အလုပ်ခွင်အတွေ့အကြုံလေးတွေရော ပါဝင်တာကြောင့် ကြည့်ရတာ အချိန်အလကား မကုန်စေရပါဘူးနော်…။
ဇာတ်လမ်းအကြောင်း