Emergency Declaration
အင်တာနက်ပေါ် ပျံ့နှံ့နေတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတစ်ခုကို ကိုရီးယားအာဏာပိုင်တွေ စစ်ဆေးနေကြပါတယ်။ ဒါပေမယ့် သံသယရှိသူက အမေရိကကိုသွားတဲ့ လေယာဉ်ပေါ် လိုက်ပါသွားပြီဆိုတာကို နောက်ကျမှ သိလိုက်ရတယ်။ အဲဒီလေယာဉ်ပေါ်က ကျန်းကျန်းမာမာရှိနေတဲ့ ခရီးသည်တစ်ဦး အကြောင်းရင်းမသိဘဲ ကြောက်မက်ဖွယ် သေဆုံးသွားတဲ့အခါ လေယာဉ်ပေါ်မှာရော မြေပြင်မှာပါ ထိတ်လန့်ကုန်ကြပါတယ်။ လေယာဉ်ရဲ့လောင်စာဆီက တဖြည်းဖြည်း လျော့လာသလို နိုင်ငံတကာကလည်း အကူအညီပေးဖို့ ငြင်းပယ်နေကြပါတယ်။ ခရီးသည်တွေကို ကယ်တင်ဖို့ လေယာဉ်မှူးနဲ့ အဖွဲ့သားတွေဟာ သူတို့တစ်သက်မှာ တစ်ခါမှ မလုပ်ဖူးတဲ့ အရေးပေါ်လုပ်ဆောင်ချက်တစ်ခုကို လုပ်ရတော့မယ့် အခြေအနေ ရောက်လာပါတယ်။ Lee Byung Hun၊ Song Kang-ho၊ Im Si Wan နဲ့ Kim Nam Gil တို့ ပါဝင်ထားတဲ့ အက်ရှင်သဲထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး ကိုဗစ်ကြောင့် ရုံတင်ရက်တွေ ရွှေ့ဆိုင်းခဲ့ရပါတယ်။
ဇာတ်လမ်းအကြောင်း