ဇာတ်ကားများ ရွေးရန်

Crossroad

2025ဇာတ်ကား

မိသားစုမေတ္တာ၊ အိပ်မက်နဲ့ လက်ဝှေ့လောကရဲ့ အပြင်းအထန်ယှဉ်ပြိုင်မှုတွေကို ပေါင်းစပ်တင်ဆက်ထားတဲ့ စိတ်ခွန်အားပြည့်စေမဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးထဲမှာ ဇာတ်ဆောင်တွေအနေနဲ့Jing Ke၊ Yu Tongfei၊ Zheng Long၊ Zhang Qiyan၊ Li Hua၊ Su Yilong တို့ ပါဝင်သရုပ်ဆောင်ထားပါတယ် နာမည်ကြီး လက်ဝှေ့သမားတစ်ယောက်ဖြစ်ခဲ့တဲ့ ရှောင်းရှိုယင်းနဲ့ သူ့သားဖြစ်သူ ရှောင်းခိုင်တို့ရဲ့ ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် အတိတ်အဖြစ်အပျက်တစ်ခုကြောင့် လက်ဝှေ့လောကကို စွန့်ခွာခဲ့ရတဲ့ ဖခင်ဟာ သားကို ထိုလောကထဲ မဝင်စေချင်ခဲ့ပါဘူး ဒါဟာ သားကို ကာကွယ်လိုတဲ့ မေတ္တာကြောင့်ဖြစ်ပေမဲ့ သားဖြစ်သူအမြင်မှာတော့ အဖေဟာ အိပ်မက်ကို ပိတ်ဆို့နေသူတစ်ယောက်ပါ ဆယ်နှစ်ကျော် ကြာမြင့်တဲ့ အငြင်းပွားမှု၊ နားလည်မှုမရှိခြင်းနဲ့ အပြန်အလှန် မျက်နှာလွှဲနေကြတာတွေကြားက ရှောင်းခိုင်ဟာ လျှို့ဝှက်စွာ ပြိုင်ပွဲဝင်ရောက်ပြီး ကိုယ်ပိုင်အိပ်မက်ကို လိုက်လံရှာဖွေပါတော့တယ် နောက်ဆုံးတော့ ဖခင်ဟာ သားရဲ့ ဆန္ဒနဲ့ ကြိုးစားမှုကို လက်ခံရင်ဆိုင်ပြီး ကိုယ်တိုင် နည်းပြအဖြစ် ဝင်ရောက်ကူညီရတဲ့အခါ ဖိုင်နယ်ပွဲစဉ်က မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားဖွယ် ဖြစ်လာပါတယ် လက်ဝှေ့ပွဲတစ်ပွဲထက် ပိုမိုအရေးကြီးတာက အဖေနဲ့သားကြားက နားလည်မှု ပြန်လည်ရရှိခြင်းဖြစ်ပြီး နောက်ကွယ်မှာ တိတိကျကျ ဘယ်လိုအကြောင်းအရင်းတွေရှိနေဦးမလဲဆိုတာကိုတော့… ဒီကားလေးဟာ လက်ဝှေ့အကြောင်းသာ မဟုတ်ဘဲ မမြင်နိုင်ပေမဲ့ မရှုံးနိုင်တဲ့ စိတ်ဓာတ်အကြောင်း၊ မပြောနိုင်တဲ့ မေတ္တာအကြောင်း၊ နားလည်မှုမရှိခြင်းတွေကို ကျော်ဖြတ်ပြီး အလင်းကို ပြန်လည်ရှာဖွေခြင်းအကြောင်းတွေကို ထင်ဟပ်စေမဲ့ကားလေးဖြစ်ပါတယ်…တစ်ခါတလေ ဘဝမှာ နေမထွက်သလို ခံစားရနိုင်ပေမဲ့ နေဟာပျောက်သွားတာ မဟုတ်ဘူး၊ မိုးတိမ်တွေက ဖုံးကွယ်ထားတာသာ ဖြစ်ပါတယ်ဆိုတာကို ပြသမဲ့ စိတ်အားတက်ကြွစေမဲ့ မိသားစုတန်ဖိုးကို ပြန်လည်စဉ်းစားစေမဲ့ ရုပ်ရှင်တစ်ကားကို ရှာနေတယ်ဆိုရင် ဒီကားလေးကို ကြည့်ရှုဖို့ လက်လွတ်မခံသင့်ပါဘူးနော် Filesize : 1.49 GB / 801 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama and Family Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း