ဇာတ်ကားများ ရွေးရန်

Lampor: The Flying Casket

2019ဇာတ်ကားအမှတ် 6.4/1095 မိနစ်

Lampor: The Flying Casket (2019) IMDb Rating (5.3) ဒီမှာခေတ်အဆက်ဆက်ရေပန်းစားခဲ့တဲ့ ပါးစပ်ပြောရာဇဝင်တွေထဲဇာတ်လိုက်တစ်ယောက်ဖြစ်တဲ့သုသာန်စောင့်မဖဲဝါဟာ ခေါင်းတလားကြီးထမ်းပြီး သူ့သားကောင်ရဲ့အိမ်ရှေ့မှာပစ်ချလိုက်ရင် အဲ့ဒီအိမ်က တစ်ယောက်သေတတ်တယ်ဆိုတဲ့ဇာတ်လမ်းလိုပဲ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားအလယ်ပိုင်းမှာလည်း ခပ်ဆင်ဆင်ဒဏ္ဍာရီတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ လမ်ပေါ်လို့ခေါ်တဲ့အခေါင်းပျံကြီးပါပဲ။ သူတို့အယူအဆအရတော့ အဲ့ဒီအခေါင်းပျံကို တောင်ပင်လယ်နတ်ဘုရားမ Nyi Roro Kidul ရဲ့လက်အောက်ခံသေမင်းတမန်တွေက ထမ်းပိုးလာပြီး အပြစ်ရှိသူတွေကိုလိုက်လံဖမ်းဆီးတတ်တယ်လို့ယုံကြည်ကြပါတယ်။ လမ်းပေါ်ဖမ်းဆီးသွားတာကိုခံရတဲ့သားကောင်တွေဟာ နောက်တစ်နေ့မှာ အလောင်းပြန်တွေ့ရင်တွေ့၊ မဟုတ်ရင် ရူးသွားတတ်ကြတယ်လို့ဆိုကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ အက်ဒ်ဝင်နဲ့ နက်တာဆိုတဲ့ ဇနီးမောင်နှံဟာ နက်တာ့မိခင်ဖြစ်သူရဲ့နောက်ဆုံးအမှာစကားကိုဖခင်ဖြစ်သူဆီ အရောက်ပါးဖို့ရွာပြန်လာကြချိန်မှာ သူတို့ဖခင်ကြီးက ရုတ်တရက်နှလုံးဖောက်ပြီးသေဆုံးသွားတာနဲ့ကြုံရပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့ရွာမှာ လမ်ပေါ် ပြန်ပြီးသောင်းကျန်းနေတဲ့အတွက် တစ်ရွာလုံးထိတ်လန့်ခြောက်ခြားနေတာကိုပါ သိလိုက်ရသလို ရွာသားတွေကလည်း လမ်ပေါ်ပြန်ရောက်လာတာကို နက်တာရဲ့အပြစ်လိုလိုစွပ်စွဲနေကြပါတယ်။ အက်ဒ်ဝင်ကတော့ အစပိုင်းမှာအယုံအကြည်မရှိခဲ့ပေမယ့် သူကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ကြုံလိုက်ရသလို နက်တာ့ဖခင် သေဆုံးမှုရဲ့နောက်ကွယ်က ပဟေဠိတွေထူးခြားဆန်းကြယ်မှုတွေကို တစ်စတစ်စ ရိပ်စားမိလာခဲ့ပြီးနောက်..။ ဂျာဗားအလယ်ပိုင်း လန်ပေါ်ဒဏ္ဍာရီကိုအခြေခံပြီး Jump scare တွေ သွေးထွက်သံယိုတွေကိုအားမကိုးပဲဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်ခံ့ခံ့၊ ခန့်မှန်းမရတဲ့လှည့်ကွက်တွေအပြည့်နဲ့ရှုစားရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1 GB) / (730 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Horror Duration…. 01:35:20 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း