ဇာတ်ကားများ ရွေးရန်

Ghost Writer 2

2022ဇာတ်ကားအမှတ် 7.0/10115 မိနစ်

စာရေးဆရာမ နာရာဟာ ကိုယ်တိုင်ကြုံခဲ့တဲ့ သရဲအကြောင်းကို ရေးလိုက်ရာက သူ့စာအုပ် အောင်မြင်သွားပြီး နှစ်အတော်ကြာ ရောင်းအားအကောင်းဆုံးစာရင်းထဲ ပါနေခဲ့ပါတယ်။ နာရာကိုယ်တိုင်က လေးနက်တဲ့စာပေကို ရေးချင်ပေမယ့် ထုတ်ဝေသူက သရဲအကြောင်းပဲ ဆက်ရေးစေချင်နေတယ်။ ဒီလိုနဲ့ သရဲတစ္ဆေဆိုတာကိုတောင် စိတ်ကုန်လာတဲ့အချိန်မှာ သူနဲ့ပတ်သက်သူတစ်ယောက် မမျှော်လင့်ဘဲ သေဆုံးသွားပါတယ်။ အဲဒီကိစ္စကြောင့် နာရာဟာ သူစိတ်ပျက်နေတဲ့ သရဲတွေနဲ့ မဖြစ်မနေ ပြန်ဆက်ဆံရတော့တယ်။ မတတ်သာလို့ ဆက်ဆံနေရင်း သူမဖြစ်စေချင်တဲ့ ကိစ္စတွေနဲ့ ထပ်ကြုံလာရပါတယ်။ ၂၀၁၉ ခုနှစ်ထွက် Ghost Writer ရဲ့ နောက်ဆက်တွဲဖြစ်ပြီး ပထမကားနဲ့ ဆက်စပ်ပေမယ့် သီးခြားကြည့်လို့လည်း ရပါတယ်။ ခြောက်ခြားစရာတွေနဲ့အတူ ဟာသ၊ ကြည်နူးစရာ၊ ဝမ်းနည်းစရာနဲ့ သင်ခန်းစာယူစရာတွေကို ရောစပ်ထားတဲ့ အင်ဒိုနီးရှား သရဲဒရာမာဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း