ဇာတ်ကားများ ရွေးရန်

Sugar

2026ဇာတ်ကားအမှတ် 6.0/10106 မိနစ်

Sugar (2026) IMDb Rating (6.0) ဒီတစ်ခေါက်မှာတော့ အချစ်လှေကားထစ်လေးများထဲက မင်းသမီး Choi Ji-Woo ရဲ့ မိခင်မေတ္တာဖွဲ့ ရုပ်ရှင်သစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - Software Engineer ဖြစ်တဲ့ ဂင်မီရာ (Choi Ji-Woo) ဟာ သူ့ရဲ့ အသက် ၁၂ နှစ်အရွယ် သားလေး ဒုံမြောင်းမှာ အမျိုးအစား (၁) ဆီးချိုရောဂါရှိနေကြောင်း သိရှိလိုက်ရတဲ့အခါ... သူ့ရဲ့ အင်ဂျင်နီယာပညာကို အသုံးချပြီး ပြည်တွင်းမှာ ရောင်းချခွင့် မရရှိသေးတဲ့ အဆက်မပြတ် သွေးတွင်းသကြားဓာတ်တိုင်း ကိရိယာလေးကို တိုက်ရိုက်တင်သွင်းပြီးတော့ ဒုံမြောင်းရဲ့ ကိုယ်မှာ တပ်ဆင်ပေးပြီး အဝေးက စောင့်ကြည့်တဲ့ စနစ်နဲ့ပါ ချိတ်ဆက်ပေးလိုက်ပါတော့တယ်။ ဒီသတင်းကို ကြားပြီး တခြား ဆီးချိုဝေဒနာသည် ကလေးတွေရဲ့ မိဘတွေကပါ အကူအညီ တောင်းလာတဲ့အခါ မီရာလည်း ကိုယ်ချင်းစာစိတ်နဲ့ ကူညီဝယ်ယူပေးဖြစ်သွားတာပေါ့။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သားလေး ဒုံမြောင်းထက် တခြားကလေးတွေရဲ့ အရေးကို ပိုအာရုံစိုက်ပေးသလို ဖြစ်လာပြီး သားအမိဆက်ဆံရေးမှာ အဖုအထစ်လေးတွေ ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း တရားမဝင် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကို အခွန်ရှောင်ပြီး တင်သွင်းမှုနဲ့ တိုင်ကြားခံလိုက်ရတဲ့အခါမှာ... မီရာက ဒီပြဿနာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲ.... သားလေး ဒုံမြောင်းနဲ့ရော နားလည်မှုပြန်ယူနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုပေးပါဦးနော်။ File Size : 1.48GB/ 720MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 46m Genre : Life, Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း