Major
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ မွန်ဘိုင်းမြို့ရဲ့ အထင်ကရ Taj Mahal Palace Hotel ကို အကြမ်းဖက်သမားတွေ ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ ဧည့်သည်တွေကို ပစ်ခတ်သတ်ဖြတ်ပြီး အဆောက်အဦးကိုပါ ဖျက်ဆီးနေကြတာကြောင့် အထဲမှာ ကျန်နေတဲ့ ဓားစာခံပြည်သူတွေကို ကယ်ထုတ်ဖို့ လိုလာတယ်။ အဲဒီကယ်ဆယ်ရေးအတွက် မေဂျာ ဆန်ဒီဗ်အွန်နီခရစ်ရှနန်း ဦးဆောင်တဲ့ တပ်စိတ်တစ်စိတ် ဟော်တယ်ထဲ ဝင်ရောက်လာပါတယ်။ သူတို့မှာ ပြည်သူတွေကို ကယ်ထုတ်ဖို့နဲ့ အကြမ်းဖက်သမားတွေကို နှိမ်နင်းဖို့ တာဝန်ရှိနေတယ်။ ရင်ဆိုင်ရမယ့်သူတွေကလည်း လေ့ကျင့်မှုကောင်းကောင်း ရထားပြီး တိုက်ပွဲအတွေ့အကြုံရှိသူတွေ ဖြစ်နေတာကြောင့် မေဂျာတို့အဖွဲ့ ဘယ်လို ဆက်လုပ်ကြမလဲဆိုတာကို ဇာတ်လမ်းက ဆက်ပြထားပါတယ်။ Major ဟာ ဒီဖြစ်ရပ်အတွင်း မေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Sandeep Unnikrishnan အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ပါ။
ဇာတ်လမ်းအကြောင်း