ဇာတ်ကားများ ရွေးရန်

What Happened to Mr. Cha?

2021ဇာတ်ကားအမှတ် 6.9/10102 မိနစ်

What Happened to Mr. Cha? (2021) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် ၂၀၂၁ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်... ဒီကားလေးမှာတော့ The Flu, The Tower တို့မှ မင်းသားကြီး Cha In pyo, All of us are deadထဲမှ Cho Dal Hwanနဲ့ Search WWWထဲမှ Ji Seung-hyunတို့အပြင် တခြားနာမည်ကြီး သရုပ်ဆောင်များလည်း ပါဝင်ပါတယ် ။   ချာအင်ဖြိုဟာ ယခင်က အရမ်းကို ရေပန်းစားခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင်တစ်ဦးအဖြစ် ဂုဏ်ပုဒ်တွေအများကြီးနဲ့ ကျော်ကြားနေခဲ့ပြီး .. စန်းကျသွားတဲ့အခါ ကိုယ့်ထက်အောင်မြင်တဲ့သူတွေနဲ့အမှီလိုက်ဖို့ ကြိုးစားနေရတဲ့ မင်းသားကြီးတစ်ယောက်ဖြစ်ပါတယ် ။ တစ်နေ့မှာတော့ အခြားသောနာမည်ကြီးသရုပ်ဆောင် ၃ယောက်နဲ့အတူတွဲလုပ်ရမဲ့ talk showတစ်ခုကိုကမ်းလှမ်းခြင်းခံခဲ့ရပါတယ်... ပြန်လည်အောင်မြင်ဖို့ မျှော်လင့်ချက်လေးနဲ့ ပျော်ရွှင်နေတဲ့အချိန်မှာ မထင်မှတ်တဲ့ မတော်တဆမှုကြောင့်  ရေချိုးနေတုန်း အဝတ်ဗလာနဲ့ အဆောက်အဦ ပြိုကျတဲ့ထဲပါသွားပြီး ဘယ်လိုတွေ လွဲချော်ကုန်တယ်ဆိုတာကို ဟာသဆန်ဆန် ရယ်ရအောင် ရိုက်ကူးပြသထားတဲ့အပြင် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့ တကယ်လက်တွေ့ ဘဝပုံစံကိုပါ ဖော်ပြထားတာကြောင့် အချိန်ကုန်ရကျိုးနပ်စေမယ့် ရုပ်ရှင်ကားတကားမို့လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ပါရစေ ။ File size…1.68GB / 857MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 46 min. Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း