ဇာတ်ကားများ ရွေးရန်

The Last Princess

2016ဇာတ်ကားအမှတ် 7.1/10126 မိနစ်

The Last Princess (2016) IMDb 7.1/10 ဒီတစ်ခေါက်မှာတော့ ကိုရီးယားရဲ့ နောက်ဆုံး တော်ဝင်မင်းသမီး ဒေါ့ဟယ် အကြောင်းကို ရိုက်ကူးထားပြီး ဆုပေါင်းများစွာ သိမ်းပိုက်ထားတဲ့ ဇာတ်ကားကောင်းလေးကို ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့ကတော့ မင်းသမီး ဒေါ့ဟယ် အဖြစ်မမ Son Ye-Jin မှ အဓိကသရုပ်ဆောင်ထားပြီး Park Hae-Il ၊ Ra Mi-Ran ၊ Yoon Je-Moon တို့အပြင် မင်းသမီးလေး Kim So-Hyun ၊ Kim Jae-Wook ၊ Ko Soo တို့ပါ ပါဝင်အားဖြည့်ထားတာဖြစ်လို့ Cast တွေနဲ့တင် လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ~ ဂိုဂျုံးဧကရာဇ်ရဲ့ တစ်ဦးတည်းသော သမီးတော်ဖြစ်တဲ့ မင်းသမီး ဒေါ့ဟယ်ဟာ ကိုရီးယားဧကရာဇ်နိုင်ငံတော်ရဲ့ အချစ်တော်မင်းသမီးလေး တစ်ပါး ဖြစ်ပါတယ်။ ဒီလိုမျိုး လိုလေသေးမရှိ ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတဲ့ မင်းသမီးငယ်လေးဟာ အသက် ၁၃ နှစ်အရွယ်မှာ ဂျပန်ကိုလိုနီစည်းမျဥ်းကြောင့် အမိမြေကို စွန့်ခွာပြီး တိုင်းတပါးနိုင်ငံဖြစ်တဲ့ ဂျပန်ကို ပညာတော်သင်သွားဖို့ အတင်းဖိအားပေး စေလွှတ်ခံခဲ့ရပါတော့တယ်။ နေ့တိုင်းလိုလို အမိမြေကို လွမ်းဆွတ်ရင်း နေထိုင်လာခဲ့တဲ့ မင်းသမီးလေးဟာ တစ်နေ့မှာတော့ ငယ်ချစ်ဦး ဂင်ဂျန်ဟန်နဲ့ ပြန်ဆုံတွေ့ခဲ့ပြီးနောက် ဂင်ဂျန်ဟန်ရဲ့ အကြံပေးမှုအတိုင်း အစ်ကိုတော်ဖြစ်တဲ့ အိမ်ရှေ့စံမင်းသားယောင်းနဲ့အတူ ဂျပန်ကနေ ရှန်ဟိုင်းကို ထွက်ပြေးခိုလှုံဖို့ ကြိုးပမ်းပါတော့တယ် ။ ဒီကြိုးပမ်းမှုက အရာထင်သွားပြီး ရန်သူ့မြေကနေ လွတ်မြောက်သွားပြီး မိခင်မြေကို ပြန်ရောက်လာနိုင်မလား .... ကိုရီးယား တော်ဝင်မျိုးနွယ်တွေရဲ့ ဇာတ်သိမ်းက လှပပါ့မလားဆိုတာကိုတော့ .... ရင်ထဲထိစေပြီး လွမ်းမောဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေး ဖြစ်လို့ ကိုယ်တိုင် ခံစားကြည့်လိုက်ပါဦးနော် .. File size…1.88GB / 890MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 7 min. Genre ….. Historical, Drama , Melodrama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း