Mere Desh Ki Dharti
အာဂျေးနဲ့ စမီးရ်ဟာ လစာနည်းနည်းနဲ့ အလုပ်လုပ်နေရတဲ့ အင်ဂျင်နီယာသူငယ်ချင်းနှစ်ယောက်ပါ။ အာဂျေးက လစာနည်းလို့ ဖခင်ရဲ့ ဆူပူမှုတွေကို ခံနေရပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ချင်နေတယ်။ လုပ်ငန်းစဖို့ လိုအပ်တဲ့ငွေကို ရဖို့ တတ်နိုင်သမျှ ကြိုးစားပေမယ့် ငွေက မရဘဲ အစီအစဉ်တွေကလည်း တလွဲတွေချည်း ဖြစ်နေပါတယ်။ စမီးရ်ကတော့ ကုမ္ပဏီမှာ ရာထူးကောင်းရှိပေမယ့် ယောက္ခမလောင်း အထင်ကြီးလောက်တဲ့ အခြေအနေမျိုး မရောက်သေးလို့ ချမ်းသာတဲ့ ရည်းစားနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေရတယ်။ ရခဲတဲ့ ရာထူးတိုးအခွင့်အရေးကို မျှော်နေခဲ့ပေမယ့် နောက်ဆုံးမှာ သူ့အတွက်မဟုတ်ကြောင်း သိလိုက်ရပါတယ်။ အဆင်မပြေမှုတွေနဲ့ စိတ်ပျက်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ တခြားရွာတစ်ရွာမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေကြမယ်လို့ တိုင်ပင်ပြီး ထွက်လာကြတယ်။ ဒါပေမဲ့ အဲဒီကြိုးပမ်းမှု မအောင်မြင်ဘဲ ရွာမှာပဲ ပိတ်မိသွားရာက သူတို့မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေနဲ့ ကြုံလာရပါတယ်။ ရွာသားတွေရဲ့ အဆင်မပြေဖြစ်နေတဲ့ဘဝတွေကို ဝင်ကူညီပေးဖို့ ဖြစ်လာပြီး လယ်သမားတွေ သေဆုံးရတဲ့ နောက်ကွယ်ကအကြောင်းရင်းကိုပါ လိုက်လံရှာဖွေဖြေရှင်းကြရတယ်။ အလုပ်အကိုင်နဲ့ ဘဝအခက်အခဲတွေကြားက သူတို့ရဲ့အဖြစ်အပျက်တွေကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ၂၀၂၂ ခုနှစ်ထွက် အန္ဒိယဒရာမာဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း