Scarlet
Scarlet (2025) IMDB - 6.3/10, MyAnimeList - 6.3/10 ၂၀၂၅ ခုနှစ် ရုံတင် Anime ရုပ်ရှင်တွေထဲက ဇာတ်လမ်းကောင်းလေးတစ်ကား ထွက်ရှိလို့လာခဲ့ပါပြီ။ ဒီကားကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Mamoru Hosoda ဆိုတာက Mirai တို့ Wolf Children တို့ The Girl Who Leapt Through Time တို့ Summer Wars တို့လို Anime ဇာတ်ကားကောင်းတွေကို ရိုက်ကူးခဲ့သူပါပဲ။ ဒီရုပ်ရှင်လေးထဲမှာတော့ 2D 3D ပေါင်းစပ်ရိုက်ကူးထားပြီး Visual အလှတရားတွေရယ် Soundtrack အမိုက်တွေ သီချင်းအကောင်းတွေ ခံစားနိုင်ဦးမှာပါ။ ဇာတ်လမ်းလေးကတော့…. ၁၆ ရာစုနှောင်းပိုင်း ဒိန်းမတ်နိုင်ငံမှာ အများပြည်သူက ချစ်ခင်လေးစား ကြည်ညိုပြီး စစ်မက်ဖြစ်ပွါးတာကို မလိုလားတဲ့ ဘုရင်တစ်ပါး အုပ်ချုပ်နေပါတယ်။ ဒါပေမဲ့ သူနဲ့ အယူဝါဒချင်း မတူညီ စိတ်သဘောထားချင်း မတူညီတဲ့ ညီတော်ဖြစ်သူက မနာလိုဝန်တိုပြီး တိုင်းပြည်ရော မိဖုရားကိုရော သိမ်းပိုက်ပြီး အစ်ကိုတော်ကို ကွပ်မျက်လိုက်ပါတယ်။ ဖခင်ဖြစ်သူ အသတ်ခံရတာကို မြင်လိုက်ရတဲ့ Scarlet တစ်ယောက် သူ့ဦးရီးတော်ကို လက်စားချေဖို့ ဘဝတလျှောက်လုံး ဓားပညာတွေခိုးသင်ပြီး အသက်အရွယ်ရလာချိန် လက်စားချေတဲ့အခါမှာတော့ ထင်သလိုဖြစ်မလာပဲ သူပဲ သေဆုံးသွားခဲ့ရပါတယ်။ ဒါပေမဲ့လည်း ပြန်နိုးထလာတဲ့အခါမှာတော့ Scarlet တစ်ယောက် သေခြင်းနဲ့ရှင်ခြင်း အတူတူဖြစ်တည်နေတဲ့ ထူးဆန်းတဲ့ဘုံကမ္ဘာတစ်ခုကို ရောက်နေပါတော့တယ်။ ဒီနေရာမှာပဲ ၂၁ ရာစု ဂျပန်ပြည်က ဆေးအကူဝန်ထမ်းကောင်လေး Hijiri နဲ့ တွေ့ဆုံပြီး တစ်ဖက်က အာဃာတတွေနဲ့ ပူလောင်နေတဲ့ Scarlet နဲ့ ဆန့်ကျင်ဖက်ဖြစ်သူ Hijiri တို့ ဒီကမ္ဘာကြီးထဲမှာ ဘယ်လိုတွေ စွန့်စားပြီး ဘာတွေကြုံဆုံကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်သွားရမယ့်အပြင် Scarlet တစ်ယောက် အောင်မြင်စွာ လက်စားချေနိုင်သွားမလား၊ Hijiri နဲ့ရော ဘာဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာမလဲ၊ ဒီကမ္ဘာထဲကနေ ပြန်လည်လွတ်မြောက်နိုင်ပါ့မလားဆိုတာကတော့...............။
ဇာတ်လမ်းအကြောင်း