ဇာတ်ကားများ ရွေးရန်

Kerosene

2022ဇာတ်ကားအမှတ် 7.0/10

အဖေနဲ့သမီး နှစ်ယောက်တည်းရှိတဲ့ မိသားစုလေးမှာ တစ်နေ့ မင်္ဂလာဆောင်က ပြန်လာပြီးနောက် သမီးက ရွာထဲကို ခဏသွားမယ်ဆိုပြီး ထွက်သွားပါတယ်။ ပြန်မလာတော့လို့ အဖေဖြစ်သူက တစ်ညလုံး လိုက်ရှာပေမယ့် မတွေ့ခဲ့ဘူး။ နောက်နေ့မနက်မှာတော့ မီးလောင်ကျွမ်းထားတဲ့ အရိုးစုကိုပဲ တွေ့ရပါတော့တယ်။ အဖေက သမီးအတွက် တရားဥပဒေနဲ့အညီ မျှမျှတတ ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ရွေးကောက်ပွဲနီးနေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ အနီးအနားက လူတစ်ယောက်ကိုပဲ တရားခံဆိုပြီး ဖမ်းဆီးထောင်ချလိုက်ကြပါတယ်။ တစ်ဖက်မှာတော့ ရဲမှူးတစ်ယောက်ရဲ့ သူငယ်ချင်းအသတ်ခံရတဲ့အမှုကို မှုခင်းထောက်လှမ်းရေး ဗိုင်ဗက်က တာဝန်ယူစစ်ဆေးရတယ်။ အချိန်တိုအတွင်း တရားခံကို ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် အမှုမှန်မပေါ်သေးတဲ့ မိန်းကလေးတွေ အသတ်ခံရမှုတွေကိုပါ သူ့ဆီ တာဝန်လွှဲပေးလာပါတယ်။ အဲဒီမိန်းကလေးတွေကို ရက်ရက်စက်စက် သတ်ခဲ့တဲ့တရားခံကို ဗိုင်ဗက် ဘယ်လိုဖော်ထုတ်မလဲဆိုတာနဲ့ ဇာတ်လမ်းဆက်သွားပါတယ်။

ဇာတ်လမ်းအကြောင်း