Charles Enterprises
ကုန်းမြေရှစ်ခု ဆုံတဲ့နယ်မြေတစ်ခုကို သူခိုးနှစ်ယောက် ရောက်လာတဲ့ ရှေးပုံပြင်နဲ့ ဇာတ်လမ်းကို စထားပါတယ်။ သူတို့က ဘုရားကျောင်းထဲက ရတနာပစ္စည်းတွေကို ခိုးရောင်းပြီး ပေါပေါများများ သုံးဖြုန်းနေကြရာက အတားအဆီးတွေကို ဖယ်ရှားပေးတယ်လို့ ဆိုကြတဲ့ မဟာပိန္နဲရဲ့ ဆင်းတုကိုပါ မျက်စိကျသွားကြတယ်။ ဆင်းတုကို ခိုးလာပေမယ့် ဘယ်ဆိုင်ကမှ မဝယ်ရဲကြတော့ မူလနေရာကို ပြန်ထားဖို့ကိစ္စနဲ့ သူတို့နှစ်ယောက် ရန်ဖြစ်ကြပါတယ်။ နောက်ဆုံး တစ်ယောက်က အုန်းပင်အမြင့်ကြီးပေါ်မှာ ဘယ်သူမှ မမြင်အောင် ဖွက်ထားလိုက်တယ်။ ဆယ်စုနှစ်တွေကြာအောင် နေပူမုန်တိုင်းဒဏ်တွေကြား လူမသိဘဲ ရှိနေခဲ့တဲ့ ဆင်းတုအကြောင်းကနေ ဆက်သွားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းထဲက ပါဗသမ်ဟာ ဆင်းတုတွေ လိုက်စုတတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ ကြိုက်တဲ့ဆင်းတုတွေ့ရင် အိမ်အထိ လိုက်ဝယ်တတ်ပြီး ဒီတစ်ခါ သူလိုချင်နေတာက မိသားစုဘုရားကျောင်းတစ်ခုထဲက မဟာပိန္နဲဆင်းတုပါ။ တစ်ဖက်က ငွေဘယ်လောက်ပေးပေး မရောင်းဘူးဆိုပေမယ့် ပါဗသမ်ကလည်း လိုချင်တာမရမချင်း အိမ်ပြန်တတ်သူ မဟုတ်ဘူး။ ဆင်းတုကို ခိုးယူမယ့်အကြောင်းနဲ့အတူ ဒီနှစ်ဖက်ကြား ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကို ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း