ဇာတ်ကားများ ရွေးရန်

Naruto the Movie: Guardians of the Crescent Moon Kingdom

2006ဇာတ်ကားအမှတ် 7.1/1095 မိနစ်

Naruto the Movie: Guardians of the Crescent Moon Kingdom (2006) IMDB - 6.3/10, MyAnimeList - 6.9/10 ဒါလေးကတော့ Naruto ရုပ်ရှင် ၃ ကားမြောက်ပဲ ဖြစ်ပါတယ်။ ဒီထဲမှာကျ ဆရာသမားဖြစ်သူ Kakashi ရယ် Sakura ရယ် ထူးထူးခြားခြား Rock Lee ရယ်နဲ့ Naruto တို့ အုပ်စုလိုက် မစ်ရှင်တစ်ခု လုပ်နေကြပါပြီ။ အဲဒါကတော့ Land of Moon တိုင်းပြည်ရဲ့ အိမ်ရှေ့မင်းသားရယ် သူ့ရဲ့သားဖြစ်သူတို့ နိုင်ငံပေါင်းစုံ လှည့်လည်သွားနေတာကို သက်တော်စောင့်အဖြစ် လိုက်ပါစောင့်ရှောက်နေရတာပါ။ အိမ်ရှေ့မင်းသားဆိုတဲ့လူကလည်း စည်းစိမ်ယစ် အစားကကြူး သူ့ရဲ့သားဆိုတာကလည်း အလိုလိုက်ထားတာတော့ ဂျစ်ကန်ကန်နဲ့ ဆိုးပေပြီး ခရီးလမ်းတလျှောက် Naruto နဲ့ သတ်နေရတာပေါ့။ ဘယ်လောက်ထိဆိုးလဲဆို လမ်းမှာမြင်တဲ့ ဆပ်ကပ်ကြီးသဘောကျလို့ အဖွဲ့လိုက် ဝယ်သွားတာမျိုး။ အဲဒါနဲ့ ခရီးစဉ်ပြီးပြီ အိမ်ရောက်ပြီဆိုကာမှ ဒုက္ခလှလှကြီး စောင့်ကြိုနေပါတော့တယ်။ အဲဒါက ဘာလဲဆိုတော့ကား ဘုရင်ရဲ့ မိတ်ဆွေလည်းဖြစ် ဝန်ကြီးချုပ်လည်းဖြစ်တဲ့လူက ဘုရင်ကို အကောက်ကြံပြီး ထူးဆန်းတဲ့နင်ဂျာတွေ အားကိုးနဲ့ အာဏာသိမ်းထားပါတော့တယ်။ အဲဒီမှာတင် Kakashi တို့အဖွဲ့ တာဝန်ကို ပြီးဆုံးအောင် ဘယ်လိုဆက်ပြီး ဆောင်ရွက်သွားကြမလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာပါ...........။

ဇာတ်လမ်းအကြောင်း