Fresh
မြို့ပြအကြမ်းဖက်ဘဝထဲကနေ လွတ်မြောက်ချင်တဲ့ "ဖရက်ရှ်" လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဟာ နေ့ဘက်ဆို ပုံမှန်ကလေးတွေလိုကျောင်းတက်ပေမဲ့ ညဘက်ရောက်ရင် အက်စတီဘန်ရဲ့လက်အောက် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ ပြည့်နှက်နေတဲ့ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ခဲ့ရပြီး သူ့ဘဝက နေ့ရက်တိုင်း မတည်ငြိမ်မှုတွေ အန္တရာယ်တွေ ဆုံးရှုံးမှုတွေနဲ့ ပြည့်နေတာပါ "ဖရက်ရှ်" ရဲ့အဖေက စစ်တုရင် ကစားနည်းတွေလိုပဲ လှည့်ကွက်တွေ အနာဂတ်တွေကို ကြိုမြင်ပြီး လှည့်ကွက်တစ်ခုချင်းစီ စီမံတတ်ဖို့ သင်ပေးထားတဲ့အတွက် "ဖရက်ရှ်" က သူ့ဘဝကို ပြောင်းလဲနိုင်မယ့် လက်နက်တစ်ခုအဖြစ် အသုံးချခဲ့ပါတယ်။ "ဖရက်ရှ်" က သူ့အစ်မကို မူးယစ်ဆေးဝါးဂိုဏ်းထဲကနေ ကယ်တင်ဖို့ ကိုယ်တိုင်လည်း ဒီအန္တရာယ်ကမ္ဘာထဲက ထွက်ပေါက်ရှာဖို့ စီမံချက်တစ်ခုကို တိတ်တိတ်လေး လုပ်နေခဲ့ပါတယ်။ သူ့ရဲ့ စီမံချက်ဟာ ရိုးရိုးရှင်းရှင်း မဟုတ်ဘဲ စစ်တုရင် ကစားသလို အဆင့်လိုက် လှည့်ကွက်တွေ နက်ရှိုင်းစွာ စဉ်းစားထားတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ "ဖရက်ရှ်" ရဲ့ လှည့်ကွက်တွေ ဆုံးဖြတ်ချက်တွေက မျက်နှာကြည့်ရုံနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာကို မသိနိုင်အောင် လျှို့ဝှက်ထားပြီး နောက်ဆုံးမှာတော့ သူ့ရဲ့အစီအစဉ်တစ်ခုလုံး ဘယ်လောက်ထိ တိကျပြီး အန္တရာယ်များသလဲ.... တစ်ချက်မှားသွားတာနဲ့ သူ့ဘဝတစ်ခုတည်းမဟုတ်ဘဲ သူ့မိသားစုတွေပါ ပျက်စီးသွားနိုင်တာမို့....ဘယ်လိုဥာဏ်သုံးပြီး အောင်မြင်အောင်လုပ်သွားမလဲဆိုတာ ဆက်လက်ကြည့်လိုက်ရအောင်
ဇာတ်လမ်းအကြောင်း