ဇာတ်ကားများ ရွေးရန်

Ramona and Beezus

2010ဇာတ်ကားအမှတ် 6.6/10103 မိနစ်

"Ramona and Beezus" ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ "Ramona and Beezus" ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ​​ဒီဇာတ်ကားမှာ အသက် ၉ နှစ်အရွယ် စိတ်ကူးယဥ်ဆန်ပြီး အမြဲတမ်း တက်ကြွနေတဲ့ "ရာမိုနာ ကွင်ဘီ "ဆိုတဲ့ ကောင်မလေးဟာ သူများနဲ့မတူတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ထူးဆန်းတဲ့ စိတ်ကူးစိတ်သန်းတွေကြောင့် ကျောင်းမှာရော အိမ်မှာပါ မကြာခဏဆိုသလို ပြဿနာတွေ ဖန်တီးတတ်ပါတယ် ​သူ့မှာ "ဘီးဇပ်စ်" လိုခေါ်တဲ့ စည်းကမ်းကြီးပြီး တည်ငြိမ်တဲ့ အစ်မတစ်ယောက်ရှိပါတယ် ညီအစ်မနှစ်ယောက်ကြားမှာ တစ်ခါတလေ အမြင်မကြည်လင်တာတွေ ရှိပေမဲ့ တစ်ယောက်နဲ့တစ်ယောက်တော့ အရမ်းချစ်ကြပါတယ် တစ်​နေ့မှာ သူတိုရဲ့အ​ဖေက ရုတ်တရက်အလုပ်ပြုတ်သွားတဲ့အခါ သူတိုမိသားစုဟာ အပြောင်းအလဲကြီးကို ရင်ဆိုင်ရတဲ့အပြင် အိမ်ကိုပါဆုံးရှုးရမယ့် အခြေအနေနဲ့ ရင်ဆိုင်လာရပါတယ် အဲဒီအခါမှာတော့ "ရာမိုနာ" တစ်ယောက် သူ့ရဲ့ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းမျိုးစုံနဲ့ မိသားစုကို ကူညီဖို ကြိုးစားပါတော့တယ် သူ့ရဲ့ အကြံတွေက ပြဿနာကို ကူညီဖြေရှင်းပေးနိုင်မလား.... ဒါမှမဟုတ် ပြဿနာပိုကြီးအောင် လုပ်မိသွားမလား... ပြဿနာတွေကြားမှာ မိသားစု​တွေအတူတူ ကျော်ဖြတ်နိုင်မလားဆိုတာ... "ရာမိုနာ"ရဲ့ အလွဲလေးတွေကြားမှာ ရယ်မောရင်း.... ဆယ်လီနာဂိုးလ်မက်ရဲ့ ငယ်ဘဝအလှကို ရှုစားလိုက်ကြရအောင်

ဇာတ်လမ်းအကြောင်း