Yongsoon
Yongsoon (2017) ဒီတစ်ခေါက်မှာတော့ 2017 ခုနှစ်က ထွက်ရှိခဲ့တဲ့ Yongsoon လို့ ခေါ်တဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ ယုံးဆွန်းနေရာမှာတော့ လက်ရှိပြသနေတဲ့ Doctor on the Edge ထဲက သူနာပြု ဇာတ်ပို့မင်းသမီး Lee Soo Kyung က ပါဝင်သရုပ်ဆောင်ထားပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ ရုပ်ရှင်နာမည်အတိုင်း ယုံးဆွန်းဆိုတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက် အကြောင်းပဲဖြစ်ပါတယ် ။ အိမ်မှာ မနေချင်ရုံသက်သက် တာဝေးပြေးအဖွဲ့ထဲ ဝင်ခဲ့တဲ့ ယုံးဆွန်းဟာ သူတို့ကျောင်းရဲ့ ကာယဆရာကို တစ်ဖက်သတ် သဘောကျသွားခဲ့ပါတယ် ။ ဒါပေမဲ့ တစ်ရက်မှာတော့ ကာယဆရာကို အမျိုးသမီးတစ်ယောက်နဲ့ အတူ တွဲပြီး တွေ့လိုက်တယ်လို့ သတင်းထွက်လာတဲ့နောက် ဆရာ့မှာ ချစ်သူ ရှိနေတာ ဟုတ်မဟုတ် ၊ ရှိနေတယ်ဆိုရင်ရော ဘယ်သူဖြစ်မလဲဆိုတာကို ယုံးဆွန်းတို့ သူငယ်ချင်းသုံးယောက် စုံထောက်လုပ်ရပါတော့တယ် ။ အချစ်ရေး မပြေမလည်ဖြစ်နေတဲ့ ယုံးဆွန်းဘဝမှာ အဖေဖြစ်သူကပါ မွန်ဂိုအမျိုးသမီးတစ်ယောက်ကို မိထွေးအဖြစ် အိမ်ခေါ်လာတဲ့အခါမှာတော့ .. မြီးကောင်ပေါက်အရွယ် ယုံးဆွန်းအတွက် ဘယ်လိုစိတ်ဖိအားတွေ ဖြစ်မလဲ ။ ကာယဆရာရဲ့ ချစ်သူဆိုတာကရော ဘယ်သူဖြစ်မလဲ ။ ကာယဆရာနဲ့ ယုံးဆွန်းကြားထဲမှာရော ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ YongSoon 2017 ရုပ်ရှင်လေးမှာ ဆက်လက်ရှုစားလိုက်ပါဦးနော် ။ File size…1.75GB / 852MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 44 min. Genre ….. Life, Youth, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း