Shooting Stars
လဘရွန်းဂျိန်းစ်၊ လူကောင်သေးတဲ့ ဒရူး၊ ဝဝကစ်ကစ်နဲ့ ရှရန်၊ ရင့်ကျက်တဲ့ ဝီလီတို့ဟာ အသက်ဆယ်နှစ်ကတည်းက Shooting Stars အသင်းမှာ အတူ ဘတ်စကတ်ဘောကစားလာကြတဲ့ သူငယ်ချင်းတွေပါ။ သူတို့ရဲ့နည်းပြက ဒရူးရဲ့အဖေဖြစ်ပြီး အထက်တန်းကျောင်းတက်ရမယ့်အရွယ်ရောက်တော့ ဘတ်စကတ်ဘောကို ကောင်းကောင်းကစားနိုင်မယ့် ကျောင်းတစ်ကျောင်း ရွေးပေးထားတယ်။ ဒါပေမယ့် အဲဒီကျောင်းရဲ့နည်းပြက ဒရူးကို လူကောင်သေးလို့ သူငယ်ချင်းတွေနဲ့ အတူပေးမကစားနိုင်ဘဲ ဂျူနီယာအသင်းမှာပဲ ထားမယ်လို့ ပြောလာပါတယ်။ ဒါနဲ့ ဒရူးက တခြားကျောင်းကို လိုက်ရှာရင်း လူဖြူကျောင်းသားများတဲ့ စိန့်ဗီကျောင်းကို ရောက်လာတယ်။ အဲဒီမှာ ပြဿနာတချို့နဲ့အတူ ရောက်လာတဲ့ နည်းပြသစ် ဒန်ဘရော့နဲ့ ဆုံမိပြီး သူငယ်ချင်းတစ်ဖွဲ့ရဲ့ ဘတ်စကတ်ဘောခရီးက ဆက်သွားပါတယ်။ အထက်တန်းကျောင်းချန်ပီယံဖြစ်ဖို့ သူတို့ ဘယ်လိုတိုးတက်အောင် ကြိုးစားကြမလဲဆိုတာကို တစ်ယောက်ချင်းစီရဲ့အကြောင်းနဲ့အတူ ပြထားတာပါ။ နာမည်ကြီးလာတာနဲ့အမျှ ဖိအားတွေကြုံလာရတဲ့ လဘရွန်း၊ လူကောင်သေးလို့ အထင်သေးခံရတာကို လက်တွေ့လုပ်ပြပြီး တုံ့ပြန်တဲ့ ဒရူး၊ အကောင်းမြင်တတ်တဲ့ ရှရန်နဲ့ အားပေးတတ်တဲ့ ဝီလီတို့ရဲ့ အတွေ့အကြုံတွေကနေ သူငယ်ချင်းသံယောဇဉ်ကို ဆက်ပြောထားပါတယ်။ NBA ချန်ပီယံလေးကြိမ်ရထားပြီး NBA သမိုင်းမှာ အမှတ်အများဆုံးသွင်းယူသူ၊ အိုလံပစ်ရွှေတံဆိပ်ဆုရှင်လည်းဖြစ်တဲ့ လဘရွန်းဂျိန်းစ်ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို အခြေခံထားတဲ့ အားကစားဒရာမာပါ။ သူတစ်ယောက်တည်းအကြောင်းကိုသာ အဓိကမထားဘဲ သူငယ်ချင်းတွေရဲ့ အထက်တန်းကျောင်းဘဝကိုပါ ပြထားပြီး Stranger Things ထဲက Lucas အဖြစ် သရုပ်ဆောင်သူက ဒရူးနေရာမှာ ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း