The Wrath of Vajra
The Wrath of Vajra (aka) Jin Gang Wang: Si wang jiu shu (2013) ၁၉၃၀ ပြည့်လွန်နှစ်များက (ဒုတိယကမ္ဘာစစ်မဖြစ်ပွားခင်) ဂျပန်စစ်တပ်ဟာ တရုတ်နိုင်ငံကို မသိမ်းပိုက်ခင် တရုတ်လူမျိုးတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးဖိုအတွက် "Hades" (ဟေးဒီးစ်) လိုခေါ်တဲ့ လျှိဝှက်အဖွဲအစည်းတစ်ခုကို ဖွဲစည်းခဲ့ပါတယ် အဲဒီအဖွဲဟာ တရုတ်ကလေးငယ်တွေကို ဖမ်းဆီးပြီးနောက် ဂျပန်နိုင်ငံအတွက် သစ္စာရှိပြီး ရက်စက်တဲ့ လူသတ်သမားတွေဖြစ်လာအောင် ငယ်စဥ်ကတည်းက သိုင်းပညာတွေနဲ့တိုက်ခိုက်ရေးနည်းပညာတွေကို လေ့ကျင့်ပေးခဲ့ပါတယ် K-29 ဟာလည်း အဲဒီလို ငယ်စဥ်ကတည်းက ဖမ်းဆီးခံခဲ့ရပြီး Hades ဂိုဏ်းမှာ အတော်ဆုံးဖြစ်အောင် လေ့ကျင့်ပေးခြင်းခံခဲ့ရတဲ့ ကလေးတစ်ယောက်ပါ ဒါပေမဲ့ သူဟာ မတော်တဆမှုတစ်ခုကြောင့် သူ့ရဲ့အစ်ကိုဖြစ်သူကို သတ်မိသွားခဲ့ပြီးနောက်မှာတော့ နောင်တရပြီး Hades ဂိုဏ်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ် နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့ သူဟာ ရှောင်လင်ဘုန်းကြီးကျောင်းမှာ ကိုယ်ခံပညာတွေကို ဆက်လက်ဆည်းပူးပြီး သူတစ်ပါးကို ကာကွယ်ပေးမယ့် "Vajra" ဖြစ်လာခဲ့ပါတယ် တစ်နေ့မှာတော့ ဟေးဒီးစ်ဂိုဏ်းဟာ တရုတ်နိုင်ငံမှာ သူတိုရဲ့ အာဏာကို ပြန့်ပွားဖိုနဲ့ K-29 ကို ပြန်လည်ကလဲ့စားချေဖိုအတွက် တရုတ်ပြည်တွင်းမှာ စစ်သည်တော်ပြိုင်ပွဲတစ်ခုကို ကျင်းပပြီး တရုတ်ရဲဘော်တွေနဲ့ ကလေးငယ်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ် သူ့ရဲ့ အတိတ်ဆိုးတွေရှိခဲ့တဲ့ ဂိုဏ်းကို အပြီးတိုင်ချေမှုန်းဖိုနဲ့ ဖမ်းဆီးခံထားရတဲ့ အပြစ်မဲ့ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို မိခင်နိုင်ငံတော်အတွက် K-29 တစ်ယောက် "ဟေးဒီးစ်" ရဲ့ အန္တရာယ်အရှိဆုံး သိုင်းသမားတွေ ထိပ်သီးလူသတ်သမားတွေကို ရင်ဆိုင်ဖိုဖြစ်လာပါတော့တယ် Action ဝါသနာအိုးတွေအတွက် လက်မလွတ်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ
ဇာတ်လမ်းအကြောင်း